Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jun 26, 2011

Photoshop Application မြန်မာလိုစာအုပ်များ


အခုနောက်ထပ် တင်ပေးလိုက်တာကတော့ Photoshop Application မြန်မာလိုစာအုပ်လေးတွေပါ လိုချင်တဲ့သူများ အောက်မှာဒေါင်းသွားလိုက်ကြပါအုံး......။ သူငယ်ချင်းတို့ဆီမှာရှိနေသေးတယ်ဆိုရင်လည်းနား
လည်းပေးကြပေါ့နော်။ မရှိသေးတဲ့သူတွေအတွက် လေ့လာလို့ရအောင်တင်ပေးလိုက်တာပါ........း) အားလုံးပဲအဆင်ပြေကြပါစေဗျာ...............။


လင့်ခ်တွေသေနေပြီဆိုရင် Cbox မှာကျေးဇူးပြုပြီးအော်သွားပေးကြပါအုံးနော်.............း)


Print

Jun 25, 2011

ဖိုတိုရှော့မြန်မာလိုစာအုပ်များ


အစ်ကိုတစ်ယောက်ကပြန်ခါနီး Photoshop နဲ့ပက်သက်တဲ့ စာအုပ်တွေတောင်းနေတာနဲ့ Photoshop စာအုပ်တွေကို အပိုင်းတွေခွဲပြီး တင်ပေးလိုက်တာပါ လိုချင်တဲ့သူငယ်ချင်းများရှိရင်လည်း ဒေါင်းသွားကြပါ........။ Photoshop ကိုမြန်မာလိုလေ့လာချင်သူများ အတွက်ပိုပြီးအဆင်ပြေပါလိမ့်မယ်......။ ကျနော်တင်ပေးတတဲ့စာအုပ်တွေက ကျနော့ ဆီမှာ ရှိတာလေးတွေကိုပဲပြန်လည်မျှဝေခြင်းဖြစ်ပါတယ် သူငယ်ချင်းတို့ဆီမှာလည်း ရှိချင်ရှိနေပါလိမ့်မယ်.......။ အားလုံးပဲအဆင်ပြေကြပါစေဗျာ.........။




Print

Jun 24, 2011

Laptop နဲ့ Notebook ကွန်ပျူတာတွေမှာ ဘာဖြစ်လို့ restart button မပါကြတာလဲခင်ဗျာ


PC တွေမှာ restart button ပါပြီး Laptop နဲ့ Notebook ကွန်ပျူတာတွေမှာ ဘာဖြစ်လို့ restart button မပါကြတာလဲခင်ဗျာ..ပိတ်တာလဲ ဒီခလုတ် restart လုပ်ရင်လဲ ဒီခလုတ် ၁ ခုကိုဘဲနှိပ်နေရတာ ဘာမှကွန်ပျူတာကိုမထိခိုက်ဘူးလားခင်ဗျာ..ဘယ်လိုအကျိုး ကျေးဇူးတွေ ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ (ကောင်း/ဆိုး)ဖြစ်တယ်ဆိုတာသိကြရင်ပြောပြပေးကြပါအုံးခင်ဗျ>>>>>
 
Laptops တွေ ဆိုတာဟာ တစ်ကိုယ်ရေ တစ်ကာယ ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ သူတွေ - စီးပွားရေး လုပ်ငန်းဆိုင်ရာ - ရုံးသုံးလုပ်ငန်း ဆိုင်ရာတွေ လည်ပတ် လုပ်ကိုင်နေသူတွေ အတွက် ပေါ့ပေါ့ပါးပါး သယ်ဆောင်လှုပ်ရှားနိုင်အောင် ထုတ်လုပ်ထားတဲ့ ကွန်ပြူတာ မျိုးပါ။ ဒါကြောင့် မလိုအပ်တဲ့ button တွေကိုပါ တတ်နိုင်သမျှနည်းအောင် နှစ်ခုကို တစ်ခုပေါင်းပြီး ဖန်တီးထားတာ မို့လို့ PC တွေမှာ restart button ပါပြီး Laptop နဲ့ Notebook ကွန်ပျူတာတွေမှာ restart button မပါဝင်တာ ဖြစ်ပါတယ်။

ပိတ်တာလဲ ဒီခလုတ် restart လုပ်ရင်လဲ ဒီခလုတ် ၁ ခုကိုဘဲနှိပ်နေရတာ ဘာမှကွန်ပျူတာကိုမထိခိုက်ဘူးလား ... ဆိုတာနဲ့ ပတ်သတ်လို့ကတော့ ဒီအောက်က အကြောင်းအရာကို ဆက်ဖတ်ကြည့်ရင် နားလည်နိုင်ပါလိမ့်မယ်။

Laptops တွေဟာ desktop တွေရဲ့ ကြီးကြီးမားမား ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပုံသဏ္ဍန်ကို အတတ်နိုင်ဆုံး ကျုံ့နိုင်သမျှ ကျုံ့အောင် ချုံ့ထားတာကလွဲရင် desktop တွေလိုမျိုး ပဲ စက်ပစ္စည်း ဖွဲ့စည်းမှုပိုင်း ဆိုင်ရာ အခြေခံအားဖြင့် အားလုံးလိုလို ဆင်တူပြီး desktop တွေမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ installed လုပ်ထားတဲ့ programs ဆိုင်ရာ errors မျိုး - Operating Systems ဆိုင်ရာ errors မျိုးတွေလည်း တစ်ပုံစံတည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ Desktop တွေမှာ ဖြစ်လေ့ ရှိသလိုမျိုး စက်က ဘာမှ လုပ်မရတော့ပဲ freeze ဖြစ်သွားတာ မျိုးတွေလည်း တစ်ပုံစံတည်း ရှိတတ်ပါတယ်။ Desktop computers တွေအတွက်တော့ တကယ်လို့ system freezes ဖြစ်သွားချိန်မှာ ပုံမှန်အတိုင်း reset button နှိပ်ပြီး ပိတ်ချလိုက်လို့ ရပေမယ့် Laptops တွေမှာတော့ System ကို reboot ပေးဖို့ရာ reset button ဆိုတာ မရှိပါဘူး။ ကွန်ပြူတာ အသုံးအနှုန်းနဲ့ ပြောရရင် reboot ပေးတဲ့ နည်းလမ်း အမျိုးအစား ( ၂ ) မျိုး ရှိပါတယ်။ အဲ့ဒီ ( ၂ ) မျိုးကတော့ Soft reboot လို့ ခေါ်တဲ့ ( software-based ) Reboot လုပ်တဲ့နည်း ( ဒီနည်းဟာ System မှာ Run နေတဲ့ Process အားလုံးကို စနစ်တကျ ပိတ်စေတာမို့လို့ အသင့်တော်ဆုံးနည်း ဖြစ်ပါတယ်။ ) နဲ့ Hard reboot လို့ ခေါ်တဲ့ ( hardware-based ) Reboot လုပ်တဲ့ နည်းတို့ပဲ ဖြစ်ပါတယ်။

အပိုင်း ( ၁ )

Soft reboot ကို လုပ်ဆောင်မယ် ဆိုရင် ဘယ် OS ကို installed လုပ်ထားလဲ ဆိုတာ ပေါ်မူတည်ပြီး Steps တွေက ကွဲပြားသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ OS platform ပေါ် မူတည်ပြီး reboot process တွေက သူ့နည်းနဲ့ သူ မတူညီ ကြလို့ပါ။ ဒါပေမယ့် ဒီနေရာမှာ ကို စိုင်းနေဇင်က Windows ကိုပဲ သုံးတယ်လို့ ယူဆလို့ ကျွန်တော့် အနေနဲ့ Windows နဲ့ ပတ်သတ်ပြီး Soft reboot လုပ်ဆောင်နည်း နဲ့ Hard reboot လုပ်ဆောင်နည်းကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ်။ Hard reboot လုပ်ဆောင်နည်းကိုတော့ အပိုင်း ( ၃ ) မှာ ဖော်ပြထားပါတယ်။

အပိုင်း ( ၂ )

Windows XP မှာ Soft reboot ပေးမယ် ဆိုရင် 'Start' Menu ကနေတစ်ဆင့် 'Turn off Computer' ကို ရွေးပေးပြီး 'Restart' option ကို click ပေးရမှာ ဖြစ်ပါတယ်။ Windows 7 နဲ့ Vista မှာတော့ 'Turn off Computer' မခံထားပါဘူး တိုက်ရိုက် 'Start' Menu ကနေတစ်ဆင့် Restart ဒါမှမဟုတ် Shut Down ရွေးသွားလို့ ရပါတယ်။

    This image has been resized. Click this bar to view the full image. The original image is sized 525x235.

နောက်တစ်မျိုး အနေနဲ့ CTRL, ALT နဲ့ Del keys တွေကို ပေါင်းနှိပ်ပြီး Windows XP မှာဆိုရင် Task Manager window ကနေ တစ်ဆင့် 'Shutdown' လုပ်မှာလား 'Restart' လုပ်မှာလား ဆိုတာ ရွေးပေးလို့လည်း ရပါတယ်။ ဘယ် OS Platform မှာပဲ ဖြစ်ဖြစ် အထက်ဖော်ပြပါ Soft reboot လုပ်တဲ့နည်းက ကွန်ပြူတာ တစ်လုံးကို Reboot လုပ်ဖို့ အတွက် ပိုပြီး သင့်တော်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Soft reboot လုပ်တဲ့နည်းကို သုံးပြီး ကွန်ပြူတာ တစ်လုံးကို Reboot ပေးရင် Operating System components တွေကို ထိခိုက်စေမယ့် အန္တရာယ်ကနေ ကာကွယ်ပြီးသား ဖြစ်လို့ပါ။ ဒီ Soft reboot လုပ်ဆောင်နည်းက Step by Step သွားရင် အချိန်နည်းနည်း ကြာပေမယ့် တကယ်တမ်း System တစ်ခုလုံးမှာ Run နေတဲ့ processes အားလုံးကို စနစ်တကျ ပိတ်စေတာမို့လို့ ပိုပြီး အန္တရာယ်ကင်းတယ်လို့ ပြောလို့ ရပါတယ်။

အပိုင်း ( ၃ )

ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ System freeze ဖြစ်ပြီး Operating System-based restart လို့ ခေါ်တဲ့ Soft reboot နည်းက သုံးမရတဲ့ အခြေအနေ မျိုးနဲ့လည်း ကြုံတတ်ပါသေးတယ်။ အဲလိုဆိုရင်တော့ ကျွန်တော်တို့ Soft reboot အစား Hard reboot နည်းကို သုံးရပါပြီ။ Laptop မှာရှိတဲ့ power button ကို ၁၀ စက္ကန့်လောက် အသာလေးဖိထားလိုက်ပါ။ သူ့ဘာသာသူ Turn off ဖြစ်သွားပါလိမ့်မယ်။ ပြီးသွားရင် ချက်ချင်း ပြန်မဖွင့်သေးဘဲ နောက်ထပ် ၁၀ စက္ကန့်လောက် စောင့်ပြီးတော့မှ power button ကနေတစ်ဆင့် Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အပိုင်း ( ၄ )

တစ်ခါတစ်လေမှာ အကြောင်းတစ်စုံတစ်ရာကြောင့် Soft reboot ရော Hard reboot ရော လုပ်မရတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံတတ်ပါသေးတယ်။ အဲလိုဖြစ်ရင် နောက်ဆုံးရွေးချယ်နိုင်တဲ့ နည်းလမ်းကတော့ power source ကိုဖြတ်တောက်တဲ့ နည်းပါ။ ခပ်ကြမ်းကြမ်း ပြောရရင်တော့ ပလပ်ခေါင်း ဆွဲဖြုတ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်လည်း Battery ကို ဖြုတ်တဲ့ နည်းလည်း သုံးလို့ ရပါတယ်။ Battery ကို ဘယ်လိုဖြုတ်ရမှာလဲ ဆိုတာကတော့ ကိုယ် laptop ဝယ်တုန်းက ရလာတဲ့ documents တွေကို ဖတ်ကြည့်ပြီး Battery ကို ဘယ်လို remove လုပ်ရမယ် ဆိုတာ လေ့လာရမှာ ဖြစ်ပါတယ်။ Laptop brand တစ်ခုနဲ့ တစ်ခုက လုပ်ဆောင်ပုံချင်း မတူပါဘူး။

အနှစ်ချုပ်ရရင် Hard reboot လုပ်တဲ့နည်းက မတတ်သာတဲ့ အချိန်ကျမှသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် ဒီနည်းကို သုံးတဲ့ အခါ System တစ်ခုလုံးမှာ Run နေတဲ့ processes အားလုံးက စနစ်တကျ အပိတ်ခံရတာ မဟုတ်တဲ့ အတွက်ကြောင့် Operating System components errors တွေ အများကြီး ရှိလာနိုင်ပါတယ်။ ကိုယ် စက်အသုံးကြမ်းရင် ကြမ်းသလို maintenance မလုပ်ရင် မလုပ်သလို Windows ထဲကို ပြန်ဝင်လို့ မရတော့တာ - NTLDR missing ဖြစ်တာ - Bootmgr missing ဖြစ်တာ - Loading မှာပဲ ရပ်ပြီး Windows ထဲကို ဆက်မဝင်နိုင်တော့တာ စသဖြင့် မျိုးစုံ ဖြစ်နိုင်ပါတယ်။

Hard reboot ပေးတိုင်း အဲလို Error ဖြစ်နိုင်သလား ?? အဲတာကတော့ အမြဲတမ်း Hard reboot ပေးနေရတာ မျိုးမဟုတ်ရင် တော်ယုံတန်ယုံ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အားရင်အားသလို စက်လေးကို Defragment လေး လုပ်ပေးမယ်။ မလိုအပ်တဲ့ files တွေကို ပုံမှန်လေး ရှင်းပေးမယ် Hard disk တွေကို ပုံမှန် Check disk ပေးထားမယ် ဆိုရင် အဲလို Error မျိုးတွေက ဖြစ်ခဲပါတယ်။

အဓိကကတော့ စက်ကို ရိုရိုသေသေ သုံးဖို့ပါ.........။

Print

Windows XP Professional SP3 Original


အခုတင်ပေးလိုက်တာကတော့ Windows XP Professional SP3 Original နောက်ဆုံး Update လုပ်ထားတဲ့ဗားရှင်းလေးပါ ...... ။ အရင် Windows 7 မထွက်ခင်အချိန်ကာလတုန်းက Windows XP Professional SP3 နဲ့ SP2 ပဲအသုံးများကြပါတယ် အခုနောက်ပိုင်း Windows 7 ကလည်းပုံစံအမျိုးမျိုးနဲ့ထွက်လာတယ် Windows XP တွေကလည်း အခွံအုပ်ပြီးသားတွေအမျိုးမျိုးထွက်လာတော့ Windows XP Professional Original ကိုမသုံးကြတော့ပါဘူး.........။ ဒါပေမယ့် အခုချိန်ထိတော့ Microsoft ကထုတ်တဲ့ Windows မှန်သမျှကတော့ Windows XP Professional Original ကိုကြသေးပါဘူး........။ လိုချင်တဲ့သူငယ်ချင်းများအောက်မှာဒေါင်းသွားကြနော်.........း)


Features 
- Format: ISO
- Sata / Raid / SCSI: Yes
- Online Update: there
- Driver: Yes
- Internet Explorer 8: Yes (including its hotfixs)
- Windows Media Player 11: Yes (including its hotfixs)
- Optimization: No edit anything, to default.
- The components were removed: For reasons not remove anything.

Check MD5 Hash: 6db67b2abbb78e9829160f19813a5688

Print

Windows XP 7 Genius Edition 2010


ဒီ Window လေးကတော့ ကျနော်တင်ပေးမလို့လုပ်နေတာကြာပါပြီ 2010 တုန်းက ကျနော်ပထမဦးဆုံးသုံးတဲ့ဝင်ဒိုးလေးပါ အသုံးပြုရတာလည်းတော်တော်လေးအဆင်ပြေပါတယ်......။ သူငယ်ချင်းတွေလည်း Window နဲ့ပက်သက်ပြီးအဆင်မပြေတာတွေ အခက်အခဲတွေရှိနေတယ်ဆိုရင်အခုကျနော်တင်ပေးတဲ့ Window လေးကိုသုံးကြည့်ပါ ပေါ့ပေါ့ပါးပါး နဲ့ တည်တည်ငြိမ်ငြိမ် လေးသုံးနိုင်ပါလိမ့်မယ်........း)


All Microsoft Windows hotfixes and Security Update
Windows Media Player 11 With latest Updates
Internet Explorer 8 With Latest Updates
DirectX for Windows XP SP3 June 2010 Update
All Sata Drivers
All Microsoft NET Frameworkfrom 1.1 untill 4 with latest updates
Adobe Flash Player with latest updates
MSXML 4.0 SP3 With latest Updates
Microsoft & Windows Update
Malicious Software Removal Tool v3.8
Windows Genuine Advantage Validation
AIO Cursors Pack
New Wallpapers & Sounds
Magic codec pack & Winrar 993 final
New CPL for Control panel
Silverlight With latest Updates
All Microsoft Visual C++ Runtimes Untill 2010

Extra Apps
Aimp 261 Build 570
Foxit Reader final Build
Hyper Window Tools
Nero Micro 8.3.6 Lite
Vista Drive Icon
PowerShell XP 3.01
CCleaner 2010
Styler 7
Tune Up 2010 Build 4200
Ultra Iso 9.3.6
Windows7 Sidebar .. 512 Ram
WindowBlinds .. 512 Ram - 32 Bit VGA
Internet Download Manager 5.19.B3
Windows Live messenger
Yahoo Messenger
Java 6 Update 20
Opera 10.54
Firefox 3.6.3

Requirements
Processor : 1G
HDD : 5 GB
Ram : 256
VGA : 32 Bit

Print

Wedding Album Maker Gold v3.30


Photo တွေကို Album လှလှလေးတွေလုပ်ချင်သူများအတွက် အသုံးပြုရလွယ်ကူတဲ့ဆော့ဝဲလ်လေးတစ်ခုပါ Photo Slidshow လုပ်တဲ့ဆော့ဝဲလ်တွေထဲကမှ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ဆော့ဝဲလ်လေးမို့လို့ ကျနော်တင်ပေးလိုက်တာပါ......။ အသုံးပြုရတာလည်း အားလုံးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်နော်......း) အားလုံးပဲအဆင်ပြေကြပါစေဗျာ.............။


No Experience Necessary
Wedding Album Maker is simply the easiest to use slideshow software. It is designed to be easy enough for anyone in the family to use. You can create dynamic wedding slideshows with just clicks: Add your photos, design your movie menu, and burn your disc. You will find that you can perform all tasks in the most natural and intuitive way.
All in One Wedding Photo Album Maker
Theres no need for other CD or DVD burning software. Wedding Album Maker can do all from the beginning to the end to make a DVD slideshow. And, the whole steps are simple, fast and robust: the Burn Proof (TM) technique which makes the DVD burning procedure more robust than ever!
Lovely Music, Transition Effects
Burn your slideshow with DVD motion menus and transition effects to DVD and watch it on TV using your DVD player. The slideshow editor includes all the tools you need to create eye catching photo presentations. Wedding Album Maker enables you to add your favorite wedding music for your wedding slide show. We provide some of the most visually elegant effects available in the market. You can even customize many of these effects, giving you a virtually infinite selection.
Highest Resolution Format On TV
Wedding Album Maker optimizes your digital photo and uses the Highest Resolution format which is supported by most DVD players. This technique makes photo look great on TV.
Professional Hollywood style DVD Menu Templates
Wedding Album Maker features a library of professionally designed menu backgrounds and frames. Ranging from playful to professional, youre sure to find a background for any occasion.
Decorate Wedding Photos with Text and Arc Clips
The built in What You See is What You Get photo editor makes it easy to add your own comments for your wedding photos. The position, font, color and shadow of the text are immediately shown with the photo. It also supports Art clips for each photo slide which adds amazing special effects for your wedding slideshow.


Print

Jun 23, 2011

Ultimate Boot CD 5.1 Beta 1


Boot CD အခွေတွေကိုတော့ကျနော်မတင်ပေးဘူးသေးပါဘူး ဒါပေမယ့် Application ဆော့ဝဲလ်လေးတွေ အားလုံးစုံစုံလင်လင်ဖြစ်သွားအောင်တင်ပေးလိုက်တာပါ Boot CD ကို ကွန်ပျူတာ သုံးနေသူတိုင်းမသုံးတက်ပါဘူး......။OSပိုင်းကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့လူတွေလောက်ပဲသုံးကြပါတယ် ဒါပေမယ့် အခုကျနော်တင်ပေးမယ့် Boot CD ခွေလေးကတော့ လူတိုင်းနီးပါးသုံးနိုင်လိမ့်မယ်လို့ထင်ပါတယ်.........။ပထမဦးဆုံးဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကိုကျနော်
အရင်ပြောပြပေးပါမယ် systems NTFS, allows you to recover deleted files, create new partitions, scan hard drives for viruses, etc. အဲ့လိုနေရာတွေမှာသုံးနိုင်ပါတယ် အသုံးပြုပုံကတော့ ပထမဦးဆုံးအခုကျနော်တင်ပေးတာလေးကို ISO အရင်ရိုက်လိုက်ပါ ပြီးရင် CD ခွေနဲ့ ဘမ်းလိုက်ပါ ဒါဆိုရင်တော့အသုံးပြုလို့ရပါပြီ......။မရှင်းတာရှိရင်လည်းထပ်မေးနိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ.
.....ကျနော်လည်းနောက်တစ်ပတ်လောက်ဆိုမြန်မာပြန်ရတော့မှာဆိုတော့ပို့စ်တွေကိုတော့အခုလိုတင်နိုင်
တော့မှာမဟုတ်တော့ပါဘူးအဲ့အခါကျရင်နားလည်ပေးကြပါလို့တောင်းပန်ပါတယ်ဗျာ.....အကူအညီလိုတာရှိ
ရင်တော့မေးလ်ပို့ထားလိုက်ပါ ကျနော်တက်နိုင်သလောက် ကူညီပေးပါမယ်.............း)


Changelog:
- Disabled FDUBCD menu for WDIDLE3 and DIMM_ID in ubcd.ini.
- Re-added missing aida16.cab to fdubcd.iso.gz.
- Updated Offline NT Password & Registry Editor to v110511. Thanks to IceCube for the update.
- Updated ASTRA to V5.50. Thanks to ady for the update.
- Updated to SPFDisk to 2000-03v. Thanks to Explorer09 for the update.
- Filter away Parted Magic entries in grub4dos menus.
- Updated Intel Processor Identification Utility to V4.31. Thanks to ady for the update.
- Updated Parted Magic to V6.2. Updated F-Prot to V6.0.3. Update XFPROT to V2.4.
- Updated UBCD FreeDOS to V1.43. Updated XCOPY to V1.4a. Updated SYS.COM from FreeDOS kernel 2039. Updated LOWDMA.SYS and UMBPCI.SYS to V3.81. Changed help.bat in level1 \ help.bat to test for MORE.EXE instead of MORE.COM.
- Updated ubcd \ tools \ unxutils \ bin \ xz.exe to V5.0.3. Thanks to ady for the update.


Print

နိုင်ငံတကာအချိန်များ

 
Powered by Blogger