
ဒေါင်းလော့ခ်နေရာနှင့်၊ချရမည့်နေရာကို မသိသူများအတွက်
အပိုင်း ၁ နှင့် တစ် နှစ် သုံး လေး ကိန်းတန်း အစီအစဉ်လိုက်ရေးထားသေး ခဲရောင်များကို ကလစ်ပေးပြီး ဒေါင်းလော့ခ်ချရမှာ ဖြစ်ပါတယ်..
အနီရောင်နဲ့ ပြထားတာကတော့ တင်ထားတဲ့ ဖိုင်တွေ ဘယ်လို အမျိုးအစားလေးတွေလဲ ဆိုတာပါပဲ
ဒီမှာတော့ ၂ မျိုးပဲ ပြထားပါတယ်..
upload တင်ထားသော ဖိုင်အတိုကောက်နံမည်များကို အောက်မှာ ရေးသားထားပါတယ်.
MU - MegauploadMF - Mediafire
RS - Rapidshare
HF - Hotfile
၁။ သင်ဒေါင်းလုပ်ချချင်သော မီဂါအပ်လုပ် ဒေါင်းလုပ်လင့်ကို ကလစ်လုပ်ပါ။
၂။ တစ်ကယ်လို့ သင့်မှာ မီဂါအပ်လုပ်တူးဘား မရှိလျှင် မီဂါအပ်လုပ်တူးဘား ကို ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ။
၃။ ပြီးနောက် လော့အင်ဝင်ပါ။ လော့အင်ဝင်ခြင်းဟာ လော့အင်မဝင်ခြင်းထက် ဒေါင်းလုပ်ချရတာ ပိုမိုလွယ်ကူစေပါတယ်။
၎။ ပေးထားသော အက္ခရာကို ရိုက်ထည့်ပြီး ဒေါင်းလုပ်ကို ကလစ်လုပ်ပါ။
၅။ တစ်မိနစ်ခန့် စောင့်ပါ။
၆။ Regular Download ကို ကလစ်လုပ်ပြီး ကြိုက်သလို ဒေါင်းလုပ်ချနိုင်ပါပြီ။

part 1,part 2,part 3... အစရှိဖြင့် အများကြီး ဖြစ်နေတတ်ပါတယ်.. အဲဒီအချိန်တွင် part တစ်ခုပေါ်တွင် right click ထောက်ပြီး Extract here ကို ကလစ်ပေးလိုက်တာနဲ့ အဲဒီဖိုင်တွေ အကုန်ဆက်သွားပြီး ဖိုင်ဖြည်သွားပါလိမ့်မယ်..

အောက်ခြေတွင် underline တားထားသော .004 ဒါမှ မဟုတ်___a,___b လို့ ပြထားရင် hjsplit ကို သုံးရပါမည်..
၁။ ဒေါင်းလုဒ်လင့်တွင် .001, .002 ရေးသားထားတာကို တွေ့လျှင် အဲဒါကို hjsplit နဲ့ ဆက်ရမည်ဆိုတာ သိထားပေးပါ။
၂။ ပြီးနောက် အဲဒီ .001, .002,..,.005 ဖိုင်များကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။
၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ .001, .002 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။
၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ .001 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။
၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ဖိုင်လေး တွေ့ပါလိမ့်မယ်..

No comments:
Post a Comment