Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Mar 11, 2010

USB stick မတပ်မီဗိုင်းရပ်စ်မ၀င်အောင်ကာကွယ်ကြမယ်

ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ်ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေတက်လာတဲ့
ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာတင်ထားမိရင်တော့ဗိုင်းရပ်စ်
တွေဟာ မိမိကွန်ပျူတာထဲကို အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။အဲ့လိုဝင်ရောက်လာတာကိုကာကွယ်ဖို့နည်းလမ်းများစွာထဲက အခုနည်းလမ်းတစ်ခုကိုရွေးပါမယ်။
ကွန်ပျူတာသို့ အများဆုံးဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တာကတော့ USB stick နဲ့ Extra HD တွေကပါ။
USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိသွားပါတယ်။
ဒီတော့ autorun ကို ပိတ်ထားမှအဆင်ပြေပါလိမ့်မယ်...။

ဒါဆိုရင်တော့ autorun ကိုပိတ်လိုက်ရအောင်...

- Start/Run (box) မှာ gpedit.msc လို့ရိုက်ပါ။

- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စုအောက်က Administrative Templates ကို ရွေးချယ်ဖွင့်ပါ။

- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်းအတွင်း Setting များတွင် Turn of Autoplay ကို ကလစ်နှစ်ချက်နှိပ်ပါ။

- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကိုရွေးချယ်ပါ။

အားလုံးအဆင်ပြေ ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ....။
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger