Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 24, 2010

USB stick ကို NTFS နဲ့ Format ချမယ်

ကျွန်တော်တို့ usb stick(memory stick) ကို ဆိုင်ကနေ ၀ယ်လာပြီးတော့ ကွန်ပျူတာမှာ format ချပြီးတော့သုံးကြတယ်..
ပုံမှန်အားဖြင့် computer မှာ ပေါ်နေတဲ့  usb stick ပေါ်မှာပဲ right click ထောက်ပြီးတော့ format ချတယ်ပေါ့ဗျာ..
အဲလိုformat ချတဲ့ အခါ fat32 နဲ့ default ပေးတာများပါတယ်..(fat32 နဲ့ format ချလည်းရပါတယ်)ကျွန်တော်ကတော့ NTFS format နဲ့ ပြုလုပ်ပါတယ်..
ဘာကြောင့်အဲလို ntfs နဲ့  format ချရသလဲဆိုတော့ ကျွန်တော်သိမ်းထားမဲ့ ဖိုင် system တွေသည် new technology
file system ဖြစ်သလို backwork compality လည်းဖြစ်ပါတယ် ဖိုင်system တွေကို ကျစ်ကျစ်လစ်လစ် သိမ်းဆည်းနိုင်ခြင်း
အချို့ အချို့ သောဆော့ဝဲများသည် ဖိုင်system ခြင်းမတူလိုဖွင့်မရခြင်း မျိုးမှကင်းဝေးအောင်လို့ ပါပဲ စလိုက်ရအောင် ဘယ်လို လုပ်ရမလဲဆိုတာ..
1.start >run box မှ devmgmt.msc လို့ ရိုက်ထည့်လိုက်ပါ..(device manager)ခေါ်ဆိုခြင်းဖြစ်ပါတယ်..
2.dialog box ကျလာရင် hardware device လေးတွေတန်းစီပီးတွေ့ ရမှာပါ..
3.အဲဒီမှာ disk drive ဆိုတာကိုတွေ့ မှာ သူ့ ကို double click လေးခေါက်လိုက်...မိမိတပ်ထားတဲ့ usb
အမျိုးစားနဲ့ GB အရေအတွက်လေးပြနေမှာပါ...(1GB,2GB,4GB ..etc)
4.ဖော်ပြထားတဲ့ drive ပေါ်ထောက်လိုက်ပြီး right click >properties ကိုသွား..
5.properties dialog box ကျလာပါ့မယ်..policies ဆိုတဲ့ tab ထဲကိုသွားပါ...အဲဒီမှာ better performance
ကိုရွေးပေးပါ..ပြီးရင်တော့ ok ပေါ့...
6.ဒါဆိုရင်ကျွန်တော်တို့ ntfs နဲ့ format ချလို့ ရပါပြီ...my computer ကိုဖွင့်လိုက်ရင်ပဲ မိမိရဲ့ usb stick ပေါ်မှာright click
ထောက်ပြီး format လို့ ပေးလိုက်တာနဲ့  file system ဆိုတဲ့ နေရာမှာ NTFS ကိုရွေးပေးလို့ ရပါပီ..ပုံမှန်အတိုင်းဆိုရင်
ကျွန်တော်အထက်ကပြောသလိုပဲ FAT32 နဲ့ ပေါ်နေမှာပါ...ကဲအိုကေပါစေဗျာ...
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger