Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Dec 10, 2010

Data backup when PC Fail to boot


သင့် computer ဟာမဖြစ်မနေ Format ပြုလုပ်ရန် လိုအပ်ချိန်၊ Boot လုပ်ငန်းစဉ်လည်း မလုပ်ဆောင် နိုင်တော့ တဲ့အချိန်မှာ Data back up ယူရန် အတွက် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ Windows Bootable CD နဲ့ Computer ကို boot ပြုလုပ်လိုက်ပါ။ Setup screen ပေါ်လာချိန်မှာ သင့်ကို ရွေးခြယ်ခိုင်းပါ လိမ့်မယ်။ command prompt အသုံးပြုမှာ ဖြစ်တဲ့အတွက် recovery ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို ရွေးချယ်ပေး ရပါမယ်။ command prompt ပွင့်ပွင့် ချင်းမှာ Windows recovery ပြုလုပ်ရန် C:\WINDOWS ကိုပေးထားပါ လိမ့်မယ်။ ကျွန်တော်တို့က Data backup ပြုလုပ်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းစဉ် ကိုပြောင်းလုပ်ပါမယ်။ ပထမ အနေဖြင့် format ပြုလုပ်ရာတွင် မပါဝင်တဲ့ HD အစိတ်အပိုင်း မှာ Backup folder တစ်ခု တည်ဆောက်ပါမယ်။ MD D:\Backup လို့ ရိုက်ထဲ့ပြီး Enter နှိပ်လိုက်ပါ။ (ဒီနေရာမှာ "D:" ဆိုတာ Format ပြုလုပ်ရာတွင် မပါဝင်တဲ့ HD ကို ဆိုလိုပါတယ်။) "D:" ထဲမှာ Backup ဆိုတဲ့ folder  ဆောက်ပြီးသား ဖြစ်သွား ပါလိမ့်။ အခု ကျွန်တော်တို့ Backup ပြုလုပ်ချင်တဲ့ File တွေရှိတဲ့ နေရာကို သွားပါမယ်။ CD "C:\Documents and Settings\x" လို့ရေးထဲ့ပြီး enter နှိပ်လိုက်ပါ။
ဒီနေရာမှာ "X" ဟာ သင်အသုံးပြုခဲ့တဲ့ user name ဖြစ်ပါတယ်။ အခု သင်အသုံးပြုခဲ့တဲ့ Desktop ပေါ်က file တွေလိုချင်တယ် ဆိုပါဆို့ CD "C:\Documents and Settings\x\Desktop" လို့ရွေးချယ်ပေး လိုက်ပါ။ command prompt ထဲမှာ C:\Documents and Settings\x\Desktop ဆိုပြီး သင်မြင်ရပါ လိမ့်မယ်။ desktop ပေါ်မှာ ရှိတဲ့ file တွေကို ကြည့်ချင်တယ်ဆိုရင်တော့ command prompt ထဲမှာ C:\Documents and Settings\x\Desktop လို့ ပေါ်နေချိန်မှာ dir လို့ရေးထဲ့ပြီး enter နှိပ်လိုက်ပါ။ Desktop ပေါ်က file တွေကို သင်မြင်ရပါလိမ့်မယ်။ သင်ကူးယူ လိုတဲ့ file နာမည်နဲ့ extansion ကို ရေးပြီး ကူးရပါမယ်။ ဥပမာ။   ။copy exampler.txt D:\Backup လို့ရေးထည့် ပြီး enter နှိပ်ရမှာ ဖြစ်ပါတယ်။ ဖော်ပြပါ ပုံစံများအတိုင်း သင့် backup ပြုလုပ်လိုတဲ့ file များရှိရာ နေရာကို ရွေးချယ်ပြီး backup ပြုလုပ် နိုင်ပါတယ်။ သင် သတိပြုရမှာ ကတော့ folder ထဲက ရှိတဲ့ file တွေအားလုံးကို ကူးလို့မရပဲ file တစ်ခုချင်သာ ကူးယူလို့ရပါမည်။





 
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger