Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Dec 16, 2010

Duplicate File Remover Portable



ဖိုင်ပိုများကိုရှင်းလင်းပေးမယ့် Duplicate File Remover Portable လေး ပါ။



အဆင့်(၁)အနေနဲ့တော့ ကိုယ်ရှာချင်တဲ့  Document, Images And Photos, Music and Videosရွေးပေးလို့ရသလိုAll File Typesအတွက် Total sweep and search boxလေးပါ ထည့်သွင်းထားပါတယ်။ ကျွန်တော်ကတော့ အကုန်လုံးFile Typesအားလုံးအတွက် Total Sweep And Searchကိုရွေးပေးလိုက်တယ်




အဆင့်(၂) ကတော့ ကိုယ်ရှာချင်တဲ့  Drive နဲ့ Partationကိုသာရွေးလိုက်ပြီးစကင်ဖတ်ရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့ Dထဲကကျွန်တော့်စိတ်ကြိုက်ဖော်ဒါလေးတခုကိုပဲcheck ပေးလိုက်တယ်။ ပြီးရင် Next သွားလိုက်ပါ။


 အဆင့်(၃)ကတော့ ကိုယ့်စိတ်ကြိုက် Parametersလေးတွေ Changeဖို့အတွက် Filter, Excluded Folders,
File extensions တို့ပါဝင်သလို ..Search Criteria: ထဲမှာCopyဖိုင်တခုပဲရှာချင်တာလား။ ဖိုင်အားလုံးတူတာကိုရှာချင်တာလား။Sizeတခုပဲတွေ့ချင်တာလား။နာမည်တူတာတွေပဲတွေ့ချင်တာကိုရှာခိုင်းလို့ရပါတယ်။
ကျွန်တော်ကတော့ Find Indetical Contents ဖိုင်အားလုံးတူတာကိုပဲရှာခိုင်းလိုက်ပါတယ်။ ပြီးရင် Next သွားလိုက်ပါ။




အဆင့် (၄) ကတော့ သူscanဖတ်ထားပြီးသားဖြစ်တဲ့ File types အမျိုးအစားတွေနဲကSizeအရွယ်အစားတွေကို ပြသပါလိမ့်မယ်။ အိုကေတယ်ဆိုNext သွားလိုက်ပါ။



အဆင့် (၅) မှာတော့ တူနေတဲ့ဖိုင်တွေကိုFilename ,Filesizeတွေနဲ့တကွ အုပ်စုလိုက် ဖော်ပြမှာဖြစ်သလိုဖိုဒါ လိုက်ကြည့်ချင်လည်းရပါသေးတယ်။ တူနေတဲ့ဖိုင်နှစ်ခုထဲကတခုကိုအမှန်ခြစ်နဲ့ဖော်ပြပေးထားခြင်းကြောင့် ကိုယ်စိတ်ကြိုက် Deleteလုပ်မှာလား ။ဘယ်ထဲရွေ့ချင်တာလဲ။ ကော်ပီကူးမှာလား။ HardLinkလုပ်မှာလား ။
ကျွန်တော်ကတော့ Delete ပဲရွေးလိုက်တယ်။  Statusအောက်မှာDeleteဆိုတာကိုသူပြပါလိမ့်မယ်။
ပြီးရင် Nextသွားပါ။


နောက်ဆုံးအဆင့်ကတော့ ဘယ်နှစ်ဖိုင်ကိုဒလိလုပ်တယ်ဆိုတဲ့ search complete boxလေးက ပြသပါလိမ့်မယ်။ထပ်ပြီးတော့ ရှာချင်သေးတယ်ဆိုရင်တော့ဗျာ..Start a new searchကိုသာသွားလိုက်ပါတော့။ ဖိုင်တူတွေကိုရှာတဲ့နေရာမှာအချိန်ကုန်သက်သာစေချင်ရင်တော့ Duplicated  File Removerကိုသုံးလိုက်ပါ။



KOSOE (KPU)
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger