Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Dec 17, 2010

exe install file ကို မိမိစိတ်ကြိုက် Icon ပြောင်းမယ်


.Exe install file ဘယ်အမျိုးအစားကိုမဆိုမိမိစိတ်ကြိုက်  iconလေးပြောင်းရအောင်။



ကိုယ်ပြောင်းချင်တဲ့ logo (.gif , .jpeg) စတဲ့ ပုံလေးတွေကိုအလွယ်တကူပြောင်းပေးလို့ရတဲ့ ImageIcon Program လေးကိုသုံးနိုင်ပါတယ်။ အသုံးပြုနည်းလေးပါ။File _Openမှာမိမိပြောင်းချင်တဲ့ JPG , BMP, PNG ကို  Drag And Drop ဆွဲထည့်လိုက်လို့လည်းရပါတယ်။ Option ထဲက Icon Settings မှာမိမိစိတ်ကြိုက် Size ကိုရွေးလို့ရပါသေးတယ်။ အဲလိုမှ မဟုတ် မိမိစိတ်ကြိုက် Icon  ဒီဇိုင်းတခုဖန်တီးချင်တယ်ဆိုရင်တော့  IconWorkshop Professionalလေးကိုအသုံးပြုပါ။ လိုချင်ရင် ဒီနေရာလေးမှာ ဒေါင်းလုတ်ယူပါ။

မိမိပြောင်းချင်တဲ့ Logo တခုကို Icon ပြောင်းပြီးရင်တော့ Freeware Program တခုဖြစ်တဲ့ Resource Hacker လေးကို Install လုပ်ပါ။


 ၁။ မိမိပြောင်းချင်တဲ့ .exe (setup) File ကို Resource Hacker ထဲကိုဆွဲထည့်လိုက်ပါ။




၂။ မိမိလက်ရှိအသုံပြုထားသောပြောင်းချင်တဲ့ Icon ကို  Icon Group >Main Icon >1033 ဆိုတာကိုတွေ့ရင် ကလစ်လိုက်ပါ။ ဘေးမှာမိမိစိတ်ကြိက် အစားထိုးလို့ရနိုင်တဲ့ Icon အမျိုးအစားတွေကို ပြသပါလိမ့်မယ်။




၃။ ပြီးရင်  1033ကို right Click > Replace Resourcceကိုသွားလိုက်ပါ ။


၎။ မိမိအစားထိုးချင်တဲ့ ကိုယ့်စိတ်ကြိုက် Icon လေးကို  Open file new icon ထဲမှာသွားရွေးလိုက်ပါ ။
ပြီးရင် Replace လုပ်လိုက်ပါ။




၅။ အစားထိုးလိုက်တဲ့  Iconကိုညာဘက်မှာသူပြသပြီးရင်တော့ File> save နဲ့ မိမိစိတ်ကြိုက်နေရမှာသိမ်းလိုက်ပါ။ မပေါ်သေးဘူးဆိုရင် Right Click> Refresh လေးပေးလိုက်ပါ။အိုကေသွားပါလိမ့်မယ်။





KOSOE (KPU)
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger