Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Dec 24, 2010

IDM မှာ auto download မလုပ်အောင် ဘယ်လိုပြင်မလဲ?


ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က လာမေးထားပါတယ်.။ webpage တစ်ခုကို ဖွင့်လိုက်တာနဲ့ IDM က auto download လုပ်နေလို့.. အဲဒါ ဘယ်လိုပြင်ရမလဲ လာမေးထားပါတယ်.။ ပြင်နည်းကိုတော့ အတော်များများ သိထားပြီး ဖြစ်ကြမှာပါ.။ ဒါပေမဲ့ အခုမှ IDM ကိုစသုံးမဲ့သူတွေ အတွက် ဒီနည်းလမ်းကို ကျွန်တော်ပြန်ပြီး ရေးပေးလိုက်တာ ဖြစ်ပါတယ်။ အင်တာနက်ကနေ တစ်ခုခုကို download ပြုလုပ်မယ်ဆိုရင် IDM,Flashget စတဲ့ download software တွေကို အသုံးပြုတာက ပိုမိုမြန်ဆန် ကောင်းမွန်ပါတယ် ။ window browser ကပါတဲ့ downloader ကို အသုံးပြုတာထက် ပိုမိုအဆင်ပြေပါတယ်.။ သူရဲ့ အားသာချက်တွေကတော့ window downloader ထက် speed ရော time ရော ပိုမိုမြန်ဆန်ပါတယ် ။ မိမိခဏပိတ်ချင်တဲ့ အချိန်မှာ ရပ်ထားလို့ရပြီး နောင်တချိန်မှာ ပြန်ပြီး redownload လုပ်လို့ရခြင်း တို့ပဲဖြစ်ပါတယ်။

ဘာလို့ IDM က page ဖွင့်လိုက်တာနဲ့ automatic download လုပ်နေရတာလဲ- IDM ကို install လုပ်လိုက်တာနဲ့ မိမိစက်မှာ သုံးထားတဲ့ browser တွေကို detect သွားလုပ်ပါတယ်။ ဒါကြောင့် browser ကို ဖွင့်လိုက်တာနဲ့ IDM option က file type မှာ ထည့်သွင်းထားတဲ့ file အမျိုးအစားထဲမှာ ပါဝင်တဲ့ file တွေဟာ auto dwonload ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ IDM ကို auto download မလုပ်အောင် ပြုလုပ်နည်းကတော့ -
- IDM ကို ဖွင့်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း option ကို တွေ့ရပါမယ်။ click လိုက်ပါ။



-Option ရဲ့ general tab ထဲမှာ Integrate IDM into browsers ဆိုတဲ့ box ကိုရှာလိုက်ပါ။ အောက်ကပုံမှာ နာမူနာ ပြထားပေးပါတယ်။ အဲဒီမှာ Internet explorer , Mozilla firefox , Opera စတဲ့ beowser တွေရှေ့မှာ check လုပ်ထားတာတွေကို uncheck လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ဘယ် webpage ကိုဖွင့်ဖွင့် IDM က auto dwonload မလုပ်တော့ပါဘူး။


 

- အခုနောက်တနည်းကတော့ IDM option ထဲက file type မှာ IDM နဲ့ download ပြုလုပ်လို့ရအောင် တခြား file type တွေကိုဘယ်လို ထည့်သွင်းနည်းပဲ ဖြစ်ပါတယ်။ Option မှာ မထည့်သွင်းထားတဲ့ file type တွေကို IDM က download မလုပ်နိုင်ပါဘူး။ ဒါကြောင့် မိမိ download ချင်တဲ့ file ကိုထပ်ဖြည့်ပေးရပါတယ်။ အောက်မှာ နမူနာပုံပြထားပါတယ်။

 



ကျွန်တော်ကတော့ IDM install လုပ်ပြီးတာနဲ့ youtube,google က flash moives တွေ down ဖို့အတွက် FLV, online movies တွေ down ဖို့အတွက် DIVX, hjsplit file တွေအတွက် 001,002, ... , 009 ဆိုတာတွေကို တခါထဲ ထည့်ပေးထားလိုက်ပါတယ်။ တကယ်လို flash object တွေလိုချင်ရင်တော့ swf, jsscript တွေလိုချင်ရင်တော့ js, php လိုချင်ရင် php ဆိုပြီး ထပ်ထည့်လို့ရပါသေးတယ်။ ဒါပေမဲ့ အကြံပေးချင်တာကတော့ တစ်ခုခုကို download လုပ်ချင်မှသာ အဲဒီ file type ကို ထည့်သွင်းစေချင်ပါတယ်.။ မဟုတ်ရင် အကုန်ထည့်ထားလိုက်တာနဲ့ flashband.net လို ဆိုဒ်ကိုဝင်လိုက်တာနဲ့ auto download တွေ မနည်းမနော ကျလာမှာပါ။ IDM သုံးပြီး အင်တာနက်က ဖိုင်တွေကို အဆင်ပြေပြေ down နိုင်ကြပါစေ။

မှတ်ချက်။    ။မြန်မာမိသားစုဖိုရမ်မှ တဆင့် ဖော်ပြထားချင်းဖြစ်ပါတယ်။
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger