သင်ဟာ Windows ကို အသုံးပြုနေတယ် ဆိုရင်တော့ svchost.exe ကို သင့်ရဲ့ computer ထဲမှာ အလုပ်လုပ်နေတာ သင်မြင် ဖူးမှာပါ။ မတွေ့ဖူးသေးဘူး ဆိုရင်တော့ Ctrl + Alt + Del ကို နှိပ်ပြီး task manager ကို ခေါ်လိုက်ပါ။ Process ထဲမှာ svchost.exe ကို တစ်ခုထက်မက run နေတာကို တွေ့ရပါလိမ့်မယ်။ Windows system အတွက် file တွေကို .dll နဲ့ အသုံးပြုထားပါတယ်။ .dll တွေဟာ Windows ပေါ်မှာ တိုက်ရိုက် အသုံးမပြုနိုင် တဲ့အတွက် .exe တွေနဲ့ ထိန်းချုပ် အသုံးပြုဖို့ microsoft က ပြုလုပ်ခဲ့ပါတယ်။ ထိုအချိန်က စပြီး Windows ပေါ်မှာ svchost.exe တွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ svchost.exe တစ်ခုစီတိုင်းမှာ ကိုယ်ပိုင် services တစ်ခု စီအတွက် အလုပ်လုပ် နေကြပါတယ်။ svchost.exe တွေဟာ fire wall, user interface နဲ့ အခြားခြားသော services များအတွက် အသီးသီး လုပ်ဆောင်ကြ ပါတယ်။ သင့် computer ထဲမှာ အလုပ်လုပ် နေတဲ့ svchost.exe တွေရဲ့ services ကို အပြည့်အစုံ သိချင်ရင်တော့ command ထဲမှာ tasklist /svc လို့ ရိုက်ထဲ့ပြီး ကြည့်ရှုနိုင်ပါတယ်။ တစ်ခါတရံမှာ spyware တွေဟာလည်း svchost.exe အဖြစ်နဲ့ လှုပ်ရှား တတ်ကြပါတယ်။ spyware ဟုတ်မဟုတ် သိချင်ရင်တော့ security task manager ကို အသုံးပြုနိုင်ပါတယ်။
No comments:
Post a Comment