Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Dec 20, 2010

Windows Password Remover


Windows Password  ခံပြီးမေ့နေသောသူများအတွက် Windows Password Remover ပါ။
Administrator passwords ပဲဖြစ်ဖြစ် Windows Password  ပဲဖြစ်ဖြစ် ဒီဆော့ဝဲလ်လေးနဲ့
ကျော်ဝင်လို့ရပါတယ်။သုံးပုံသုံးနည်းကတော့ ဒီဆော့ဝဲလ်ကို အရင်ဆုံး ISO အရင် ရိုက်ရပြီး
CD နဲ့ Burn ရပါမယ် ။ ဒါပေမယ့် UltraISO မရှိတဲ့သူတွေအဆင်ပြေအောင်ကျွန်တော် ISO ရိုက်ပေးထားပါတယ်။Password  မေ့ပြီဆိုတာနဲ့ CD ခွေထည့်ပြီး Computer  Restart ချရပါမယ်။Window ပြန်တက်လာရင် ပုံမှာပြထားတဲ့အတိုင်းပေါ်လာပါလိမ့်မယ်။နောက်ထပ်လုပ်ပုံအဆင့်ဆင့်ကိုတော့ပုံမှာ ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ဆောင်သွားလို့ရပါပြီ။အဆင်မပြေတာ ရှိမယ် ဆိုရင် Gmail နဲ့ ပဲဖြစ်ဖြစ်Cbox မှာ ပဲဖြစ်ဖြစ် မေးနိုင်ပါတယ်။ဒီရက်အတွင်းမှာတော့ စာမေးပွဲနဲ့ လုံး နေရတော့ဆော့ဝဲလ်တွေမတင်နိုင်ဖြစ်နေတာကိုတော့နားလည်ပေးကြပါဗျာ။ဒီရက်အတွင်း နက်ကလည်း မကောင်းတော့ ပိုအဆင်မပြေဖြစ်နေတယ်။ကျွန်တော်လည်း လိုအပ်မယ်ထင်တဲ့ ဆော့ဝဲလ် လေးတွေကိုဝေငှပေးနေပါတယ်။ဒီထက်အများကြီးတင်ပေးနိုင်အောင်လည်းကြိုးစားသွားမှာပါ။ဒီကြားထဲမှာ အဆင်မပြေတာ ၊ တစ်ခုခုမှားယွင့်းခဲ့တာရှိရင် နားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်။




 Windows versions အနေနဲ့ကတော့ 7, Windows Vista, XP, 2008, 2003 and 2000 မှာသုံးနိုင်ပါတယ်။


Print

2 comments:

rose said...

စာလာဖတ်သွားပါတယ်။ ဗပာုသုတတွေ အများကြီး ရသွားပါတယ်။ စာဖတ်သူတွေ အကျိုးရှိအောင် ကွန်ပြူတာ အခက်အခဲတွေကို ကူညီပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

Unknown said...

Virus ကိုက်တာရောအဆင်ပြေရဲ့လားမသိဘူး.....
ဗဟုသုတတွေအများကြီးရတယ်ဆိုတာအတွက် အရမ်းဝမ်းသာပါတယ်.....ကျွန်တော်ဆီက စာလုံးတစ်လုံး ၊ ၀ါကျတစ်ကြောင်းရခဲ့ရင်တောင်ကျွန်တော်အရမ်းကျေနပ်မိမှာပါဗျာ......လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.....း)

နိုင်ငံတကာအချိန်များ

 
Powered by Blogger