Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jan 3, 2011

Hard disk ဘာကြောင့်ပျက်ရသလဲ ဘယ်လိုသိနိုင်မလဲ?

Hard disk ဘာကြောင့်ပျက်သလဲဆိုတာကို နည်းနည်းဆွေးနွေးကြည့်ရအောင်နော်.....
Hard disk ပျက်တာဟာ အများအားဖြင့် အောက်မှာကျွန်တော်ဖော်ပြထားတဲ့အချက် (4)
ချက်ထဲကတစ်နည်းနည်း နဲ့တော့ပက်သက်နေပါလိမ့်မယ်။

1.Electronic Failure
2.Firmware Corruption / Damage to the firmware zone
3.Mechanical Failure
4.Logical Corruption

1.Electronic Failure
Electronic failure က logic board လို့ ခေါ်တဲ့ hard diskအောက်ခြေမှာ ပါရှိတဲ့  controller board နဲ့ ဆက်စပ်နေပါတယ်..ရုတ်တရက် မီးအားမြင့်တက်တဲ့ အခါမျိုးမှာ controller board က over load မခံနိုင်တော့ပဲ လောင်သွားနိုင်ပါတယ် အဲဒီအခါမှာ bios ကို detect မလုပ်နိုင်တော့ပါဘူး..bios က hard disk ကိုမသိရင် ဘာမှဆက်လုပ်လို့ မရပါဘူး...။

2.Firmware Corruption / Damage to the firmware zone
Hard disk မှာ firm ware chip လေးပါရှိတယ် အဲဒီ firm ware chip လေးအတွင်းမှာ hard disk နဲ့ ပက်သက်တဲ့ information တွေထည့်ထားတယ် ..cylinder head sector ဘယ်လောက်ပါတယ် rpm ဘယ်လောက်နဲ့လုပ်တယ်ဆိုတာထည့်သွင်းထားပေးတယ်..ဒါကို firm ware zone လို့ လည်းခေါ်တယ်..အဲဒီလိုပါရှိလို့ သာ bios က hard disk information တွေကိုသွားဖတ်နိုင်တယ်..auto detect လုပ်လိုက်တာနဲ့ information တွေကိုသိနိုင်ပါပြီ..ဒီလို firm ware ပျက်စီးသွားရင် bios က မဖတ်နိုင်တော့ပါဘူး ဒါမှမဟုတ် hard disk firm ware က information တွေကို bios ကိုမပို့ ပေးနိုင်တော့ပါဘူး..ဒါကို firm ware corruption လို့ ခေါ်တယ်…ဒါကြောင့် hard disk ပျက်စီးနိုင်တဲ့ အချက်မှာ hard disk firmware ပါဝင်ပါတယ်...။

3. Mechanical Failure
Hard disk ကိုလွတ်ကျလို့ ပဲဖြစ်စေ ထိခိုက်မိလို့ ပဲဖြစ်စေ သို့ မဟုတ် hard disk အတွင်းပိုင်းမှ component တစ်ခုခု ချို့ ယွင်းပါက hard disk ပျက်စီးနိုင်သည်...။

4. Logical Errors
Hard disk အတွင်း မှာရှိတဲ့ platter ပြားမှာ cylinder head sector တွေနဲ့ ဖွဲ့ စည်းထားပါတယ် အဲဒီ cylinder head sector တွေ ပျက်စီးသွားရင် bad sector တွေဖြစ်သွားရင် ဒေတာတွေရေးမှတ်လို့ မရတော့ပါဘူး hard disk ကို detect မိနေသော်လည်း (hard disk ကို bios မှတွေ့ ရှိနေခြင်း) operating system ကောင်းမွန်စွာအလုပ်မလုပ်ခြင်း ၊ OS တင်လို့ မရခြင်း ၊ OS တင်လို့ ရသောလည်း စက် hang ခြင်းစသောအကြောင်းရာဖြစ်နိုင်သည် ကျနော်သူငယ်ချင်းတစ်ယောက်တွင် master boot record area ပျက်စီးသွားခြင်းကြောင့် OS တင်လို့ မရတော့ပါ..ထိုကဲ့ သို့ ဖြစ်ခြင်းကို logic error ဟုခေါ်သည်..ဒါဟာ hard disk ကိုပျက်စီးစေနိုင်သောအကြောင်းတရားများဖြစ်ပါတယ်…။

Hard disk ပျက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ...။
bios မှာ detect မမိတော့ဘူး hard disk ကိုမပေါ်တော့တာ... data တွေသိမ်းလို့ မရတော့ဘူး…operating system ကောင်းကောင်းအလုပ်မလုပ်တော့ဘူး စက်ကတက်လာလို့ ခဏလေးပဲအလုပ်လုပ်ရသေးတယ် ဘာမှကို ဆက်ပြီးအလုပ်လုပ်လို့ မရတော့တဲ့ လက္ခဏာ တွေ ကိုတွေ့ ရတတ်တယ်..တစ်ခါတရံ hard disk အသံကိုဂရုစိုက်နားထောင်ကြည့်ရင် ဒစ် ဒစ် ဒစ် နဲ့ မြည်နေတတ်ပါတယ် ဒါပေမဲ့  bios က detect မမိဘူးဆိုပြီး hard disk ပျက်ပြီလို့ တော့ တရားသေသတ်မှတ်လို့ မရဘူး..hard disk ကိုပေးထားတဲ့ power connector မမိတာလည်းဖြစ်နိုင်တယ် ကြိုးမကောင်းတာလည်းဖြစ်နိုင်တယ်…ဒါက hard disk တစ်ခုတည်းတင်မဟုတ်ပဲ.. အခြားသော hardware device တွေကို ပြစ်ချက်စဉ်းစားတဲ့နေရာမှာ ဖြစ်နိုင်ခြေကိုအမျိုးမျိုး လည့်စဉ်းစားရ ပါတယ်…ကြိုးတွေကို သေသေချာချာ ထိထိမိမိတပ်ဆင် ပေးပါ..hard disk မှာ IDE drive ဆိုရင် jamper တွေကို master /slave ခွဲပေးထားသလားကြည့်ပါ.. တခါတရံမှာကြိုးလေးကို သေချာပြန်တပ်ပေးလိုက်တာနဲ့ အဆင် ပြေသွားနိုင်ပါတယ်.. နောက်တစ်ချက်က bios ထဲမှာ first boot ကို hard disk ကြေငြာထား သလားစစ်ဆေး ကြည့်ပါ..first boot device ကို floppy ပေးထားတာမျိုး disable ပေးထား တာမျိုးဆိုရင် OS မတက်ပဲ ဖြစ်တတ်ပါတယ်..မိမိ hard disk bios မှာ detect မမိတော့ဘူးဆိုရင် အခြား စက်တစ်လုံးမှာသွားတပ်ကြည့်ပါဦး အခြားစက်တစ်လုံးမှာလည်း detect မမိဘူးဆို၇င် hard disk ပျက်ပြီလို့ ယူဆနိုင်ပါတယ်..ဒီလိုဆိုရင်တော့ hard disk ကို service ဆိုင်ပို့ ပြီးပြင်ခိုင်းသင့်ပြင်ရပါမယ်.. အထဲကဘာဖြစ်တာလဲ မသိဘူး ဆိုပြီး hard disk ကိုသွားမဖွင့်လိုက်ပါနဲ့ hard disk ကို lab အခန်းမှာမဟုတ်ပဲမဖွင့်သင့်ပါ..ဖွင့်လိုက်ပါက 90% ပျက်ဖို့ များပါတယ်.. service ဆိုင်ပို့ ပြီးပြင်ခိုင်းခြင်း ဒါမှမဟုတ် အသစ်တစ်လုံးဝယ်လဲခြင်းပြုလုပ်ရမှာဖြစ်ပါတယ် ….။


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger