Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Apr 9, 2011

Windows တက်လျှင် မြန်စေရန် လုပ်ဆောင်ပေးခြင်း


ဒါလေးကတော့ပို့စ်အဟောင်းလေးတစ်ခုပါသိပြီးသားလူများကိုတော့တောင်းပန်ပါတယ်မသိသေးတဲ့သူများအတွက် ဗဟုသုတလေးတစ်ခုရအောင်လို့ပါ......။ Windows တက်တာမြန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပါ ......အောက်မှာကျွန်တော် ပြောပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်သွားကြည့်လိုက်ပါနော်.......။



Windows Screen ပေါ်ပြီး Loading လုပ်သော အကြိမ် အရေအတွက်သည် များသောအားဖြင့် ၁၂ ကြိမ် လုပ်ဆောင် ပါတယ်။  အကြိမ် အရေအတွက်သည် ဘယ်လောက်အထိ လျော့နည်းသွားမည် ဆိုတာကို ကိုယ်တိုင် တွေ့မြင်ရပါလိမ့်မယ်။
၁။    Start – Run – regedit ဟုရိုက်ပါ။ Registry ထဲ ၀င်သည့် အခါတိုင်း backup file လုပ်ဆောင်ရန် ဘယ်တော့မှ မမေ့ပါနဲ့။

၂။    HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် DisablePagingExecutive file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 1 ဟုရိုက်ပြီး Base တွင် Decimal ၊ OK ပေးပါ။

 ၃။    ညာဘက်ရှိ Box ထဲတွင် LargeSystemCache file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 1 ဟုရိုက်ပြီး Base တွင် Decimal ၊ OK ပေးပါ။

 ၄။    Restart ပေးပြီး Windows ပြန်တက်လာသောအခါ အကြိမ် အရေအတွက်သည် ဘယ်လောက်အထိ လျော့နည်းသွားမည် ဆိုတာကို ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မယ်........း)


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger