Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Apr 18, 2011

XP Password Reset လုပ်တဲ့နည်းလမ်းလေးပါ


Windows XP မှာ User Account Password ကို Reset လုပ်နည်းပါ။ Hack မဟုတ်ပါဘူး။ Command prompt နဲ့သုံးတဲ့နည်းပါ။ ပထမဦးဆုံး command ကို ဖွင့်လိုက်ပါ။ Net User လို့ ရိုက်ထဲ့ပြီး Enter နှိပ်လိုက်ပါ။ User List ပြပါလိမ့်မယ်။ Net User [Account] * ဆိုပြီး ရိုက်ထဲ့ပေးလိုက်ပါ။ လေးထောင့်ကွင်းတွေ မပါပါဘူး။ ပြီးရင်သူက Password မေးပါလိမ့်မယ်။ reset လုပ်ချင်ရင် Enter ပဲ ထပ်နှိပ်လိုက်ပါ။ Confirm လုပ်ပါလိမ့်မယ်။ Enter ပဲထပ်နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် သင်ဖြုတ်ချင်တဲ့ User ရဲ့ Password reset ဖြစ်သွားပါပြီ။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger