Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jun 23, 2011

Partition Software မလိုပဲ Partition ခွဲနည်း


ကျွန်တော့်အနေနဲ့သူများတင်ပြီးသားလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်..။ တင်ချင်မှလည်းတင်ရပါဦးမယ်.။ဒါပေမဲ့ ဒီပို့စ်လေးကိုရေးချင်စိတ် ရှိလာတာကြောင့် တင်ပေးလိုက်တာပါ..။ Partition managerမလိုပဲ Partition ခွဲနည်းလေးပါ..။ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် စမ်းသပ်ချင်တယ်ဆိုရင်တော့စမ်းကြည့်လိုက်ပါ..။ အောက်မှာ အဆင့်လိုက်ဖော်ပြပေးထားပါတယ်.။ ကျွန်တော်ကတော့ Window7မှာ လုပ်ကြည့်တာမို့ အခြားသူများ XP နှင့် Vista မှာ အသုံးပြုမယ် ဆိုရင်လည်း ဒီနည်းအတိုင်းကြည့်ကြည့်ပါတကယ်လို့ မရလို့ ရှိရင် Comment များပြန်ပေးခဲ့ပါခင်ဗျာ..။

1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုရွေးပေးလိုက်ပါ ။
2. computer Management box ပေါ်လာပါမယ်။
3. storage >> Disk Management ကို ရွေးပေးလိုက်ပါ။
4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ) တစ်ပိုင်းတည်းကို ပြန်ခွဲတာပဲပြောပြပါ့မယ် . အတူတူပါပဲ ကျွန်တော်က C;/ တစ်ပိုင်းတည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ
5. C:/ >> right click နှိပ်ပြီး shrink volume ကိုရွေးပေးလိုက်ပါ
6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ . (1024 MB = 1 GB)
7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ
8. partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ partition အသစ်ကို right click ထောက်ပြီး New simple volume ကိုရွေးပေးပြီး Next .... Next ဆိုပြီးတော့ ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ.။

ကဲ နည်းလမ်းလေးကတော့ ဒါပါပဲ ခင်ဗျာ...။အောင်မြင်ပါစေဗျာ..။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger