Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 10, 2010

လက်ကိုင်ဖုန်းအန္တရာယ်

ရုရှ သုတေသန ပညာရှင် နှစ်ဦးက ပထမဆုံး စလုပ်တဲ့ စမ်းသပ်မှု တခု လုပ်ပါတယ်။ လက်ကိုင်ဖုန်း တစ်ခုကနေ နောက်တစ်ခုကို ဖုန်းခေါ်ဆိုမှု ပြု ပါ တယ်။ နောက်ပြီး အနားမှာ ကက်ဆက် ကို ဖွင့်လိုက် ပါတယ်။ ပြီးတော့ လက်ကိုင်ဖုန်း နှစ်ခုကို သင့်တော်သလို နေရာ ချထားလိုက်ပါတယ်။ ဖွင့်ထားတဲ့ ကက်ဆက် ကြောင့် လက်ကိုင်ဖုန်း နှစ်လုံးဟာ လူ၂ယောက် စကားပြော နေသ လိုကို ဆက်လက် အလုပ်လုပ် နေပါတယ်။

ဆယ့်ငါးမိနစ်မှာ ကြက်ဥ စပူပါတယ်။ ၆၅ မိနစ် အကြာမှာတော့...

နောက်ဆုံးပေါ် ဈေးအကြီးဆုံး ကြက်ဥပြုတ် ရပါပြီ။ ဖုန်းခ ကြောင့်ပါ။ ကြက်ဥထဲက ပရိုတင်း ပါတဲ့ ဆဲလ်တွေ ကျက်ကုန်ပါတယ်။ လက်ကိုင်ဖုန်းက ထုတ်လွှတ်တဲ့ အသံလှိုင်း များဟာ microwave မီးဖိုက လှိုင်းများလိုပဲ အလုပ်လုပ်တဲ့ အတွက် အနားမှာ ရှိတဲ့ ကြက်ဥက ပရိုတင်းများ ကျက်ကုန်ခြင်း ဖြစ်ပါတယ်။ အဲလိုဆိုရင် သင့်ဦးနှောက်ထဲက ပရိုတင်းများရော… မကျက်ကုန် နိုင်ဘူးလားဗျာ။ လက်ကိုင်ဖုန်းနဲ့ စကား ကြာကြာ ပြော ခြင်းများ သတိထား နိုင်ဖို့ တင်ပြလိုက်ပါတယ်။ ဖုန်းနဲ့ ကြာကြာ ပြောစရာ ရှိခဲ့ရင် နားကြပ်ကြိုးနဲ့ ပြောခြင်း၊ လိုင်းဖုန်း သို့မဟုတ် အကြွေစေ့ ဖုန်းများနဲ့ ပြောခြင်းက ပိုမို ဘေးကင်းပါကြောင်း သတိပေး ဝေမျှလိုက် ပါတယ်။

ဓာတ်ဆီဆိုင်၊ ဓာတ်ငွေ့ရည် ဆိုင်များ အနီးမှာ သို့မဟုတ် သင့်ကား လောင်စာဖြည့်နေချိန်မှာ လက်ကိုင်ဖုန်းကို လုံးဝကို ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဆိုင်ပတ်ဝန်းကျင်မှာ လောင်စာငွေ့များရဲ့ သိပ်သည်းဆ သိပ်ကို မြင့်မား နေချိန်မှာ သင့်လက်ကိုင်ဖုန်းက ထမြည်လာခဲ့ရင် အသံလှိုင်းနဲ့ ရေဒီယိုလှိုင်းများက လောင်စာငွေ့ များကို ဆွပေး သလို ဖြစ်ခဲ့ရင် ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်လို့ပါ။

နောက်ထပ် အရေးကြီးတာ တစ်ချက် ကျန်ပါသေးတယ်.. ဒါကတော့ သင့်အိပ်ရာ အနီးမှာ အထူးသဖြင့် ခေါင်းအုံးနားမှာ သင့် လက်ကိုင်ဖုန်းကို ထားပြီး မအိပ်ဖို့ (ပိုလို့ အထူးသဖြင့်) လက်ကိုင်ဖုန်းကို battery မဖြည့်ဖို့ ပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီလို ဖြစ်တတ်လို့ပါ။

လက်ကိုင်ဖုန်းကို လျှပ်စစ် ဓာတ်အားဖြည့်နေစဉ် ဖုန်းလာလို့ အမှတ်မဲ့ ကောက်ကိုင်ပြီး ဖုန်းပြန်ထူးလိုက်ရာမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပြီး အသက်တချောင်း ဆုံးရှုံးရတဲ့ အကြောင်းလေးပါ။ လက်ကိုင်ဖုန်းထဲမှာ ပါတဲ့ သတ္ထုများထဲမှာ ရေဒီယို သတ္တိကြွ စေတဲ့ သတ္ထုမျိုးတွေ ပါတဲ့ အတွက် စွန့်ပစ် လက်ကိုင်ဖုန်းဟောင်းများကို hazardous waste အဖြစ် အထူးသတိထား ကိုင်တွင် စွန့်ပစ်နေရတာဟာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများက စည်ပင် သာယာ အဖွဲ့ လုပ်ငန်းတွေရဲ့ ၀န်ထုပ်ဝန်ပိုးကြီး ပါပဲ။ ဒါကြောင့် လက်ကိုင်ဖုန်းများကို အထူး ဂရုတစိုက် ကိုင်တွယ် သုံးစွဲ ကြပါစို့။

အလင်းစေတမန် မှမျှဝေပါသည်။
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger