- အရေးမပါတာတွေကိုဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊အရပ်အမြင့်ရယ်လည်းပဲပါဝင်ပါတယ်။ဆရာဝန်တွေရှိတာပဲ။ဒီကိစ္စအတွက်ပူနေစရာ မလိုပါဘူးဗျာ။ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။
- ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတွေနဲ့ပဲပေါင်းပါ။တစ်ချိန်လုံးညည်းညူနေခြင်းကသင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။သင်ကိုယ်တိုင်လည်းညည်းညူနေတတ်သူတစ်ဦးဖြစ်ခဲ့ရင်တော့ဒီအချက်ကလေးကို သတိရလိုက်ပါနော်။
- အမြဲတမ်းသင်ယူလေ့လာနေပါ။ကွန်ပျူတာအကြောင်း၊ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊လက်မှုပညာအကြောင်း၊ ဘာကိုပဲဖြစ်ဖြစ်သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။ဦးနှောက်ကိုဘယ်တော့မှအနားမပေးပါနဲ့။စကားပုံတောင် ရှိသေးတယ်မဟုတ်လား..ဘာတဲ့An idle mindis the devil's workshopတဲ့နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's! ပဲပေါ့
- ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။
- ရယ်မောပါ၊အကြာကြီးကျယ်ကျယ်လောင်လောင်ကိုရယ်မောလိုက်ပါ။ရယ်လွန်းလို့ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကိုရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်သာရှိမယ်ဆိုရင်သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။
- သင်ချစ်တတ်တဲ့အရာတွေသင့်အနားမှာရှိနေပါစေ။သင့်မိသားစု၊သင်ချစ်တဲ့တိရစ္ဆာန်၊သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်းရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။
- မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေကြုံလာခဲ့ရင်..ကြံ့ကြံ့ခံပါ၊၀မ်းနည်းပူဆွေးနေလိုက်ပါ၊ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာကကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။
- ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ကျန်းမာရေးမကောင်းရင်ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်းပိုကောင်းအောင်လုပ်တတ်ရမယ်လေ။အင်း..ကိုယ်ကိုယ်တိုင် ဘယ်လိုမှမကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။
- မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြားတိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။
- ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။
May 16, 2010
နုပျိုအောင် ဘယ်လိုနေမလဲ
Labels:
ဗဟုသုတများ
No comments:
Post a Comment