Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 17, 2010

IE (Internet Explorer) ကိုမေ့လိုက်စို့

အင်တာနက်အသုံးပြုတဲ့သူတွေအနေနဲ့ Internet Explorerကို အသုံးပြုဖို့ မသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ Browserလောကမှာ ကာလတော်တော်ကြာအောင် မင်းမူထားတဲ့ Microsoftရဲ့ထုတ်ကုန်ကြောင့် ကမ္ဘာတလွှားက လူဦးရေ(၂)သန်းလောက်ဟာ အင်တာနက်ကနေတဆင့် အချက်အလက်တွေ ခိုးယူခံခဲ့ရတယ်လို့ ယုံကြည်ရဖွယ်ရှိပါတယ်။ လက်ရှိတရုတ်ပြည်မှာ Internet Explorerရဲ့ အားနည်းချက်တွေကတဆင့် Accountအချက်အလက်တွေ ခိုးယူခံရတဲ့ အခြေအနေကို မျက်ဝါးထင်ထင် ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ Microsoftက Internet Explorerအတွက် လုံခြုံရေး Patchအသစ်ကို ကမန်းကတမ်း ထုတ်ပေးလိုက်ပေမယ့် Userတွေရဲ့ ယုံကြည်မှု မဆုံးရှုံးရေးအတွက်တော့ ဆေးမမီတော့ပါဘူး။



 IE

ကမ္ဘာတလွှားမှာ Internet Explorerရဲ့ ဟာကွက်တွေကို သေသေချာချာ အသုံးချနေတဲ့ အဖျက်Hackerထောင်ပေါင်းများစွာ ရှိနေပြီးတော့ တရုတ်ပြည်မှာတော့ အများစုဆိုပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ခုအချိန်မှာ Onlineရာဇ၀တ်သားတွေ နည်းပညာမြင့်လာကြသလို သူတို့ရဲ့ထိုးဖောက်မှုကို ကာကွယ်နိုင်ဖို့က Browserထုတ်လုပ်သူတွေ မလွဲမသွေ ကြုံတွေ့ရမယ့် စိန်ခေါ်ပွဲတစ်ရပ်ပါပဲ။ Internet Explorerနဲ့ မြန်မာနိုင်ငံမှာ လူသုံးနည်းသေးတဲ့ Netscapeတို့မှာ Trojanတွေ အလွယ်တကူ ထည့်သွင်းပေးနိုင်တဲ့ အားနည်းချက်က ကြီးကြီးမားမားကို ရှိနေတာဆိုတော့ မသုံးသင့်ပါဘူး။ ကဲ … ကျွန်တော်တို့တွေ Firefoxတို့၊ Operaတို့၊ Chromeတို့ကိုပဲ အားကိုးပြီးတော့ ကိုယ့်ရဲ့ Private Securityအတွက် ထိုက်သင့်တဲ့ အကူအညီလေးတွေ ယူလိုက်ကြရအောင်။ Internet Explorerကို မေ့လိုက်ကြပါစို့။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger