Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 18, 2010

IP address အကြောင်းလေ့လာရအောင်

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။

အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။ကျွန်တော်တို့ လူတွေမှာလည်းဘာသာ

စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internetကိုချိတ်မယ်ဆိုတ

ဲ့computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ သုံးဖို့လိုပါတယ်။

 TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။

 IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bitsနဲ့အလုပ်လုပ်ပြီးV6ကတော့

128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။V4 IP address မှာ

Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။

( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို

ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။

( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့

address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer 5 လုံး၊ Group 2 မှာ computer 5 လုံး၊

ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2 ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်

Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)

Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။

အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်

Network Address, Host Address

IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့

 အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့addressအစုအဝေးတစ်ခုဖြစ်ပြီး၊

HostAddressဆိုတာတော့

Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။

IP address ဒီလို အလုပ်လုပ်တယ်

IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ32bitsကို8bitsစီ၊8bitsစီအပိုင်း

လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊

ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1 .100)

တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။ 8bits ပါဝင်တဲ့

အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။

IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ

IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း

 ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။

အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့

ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။

local machine address ဆိုတာ

computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။

ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -

လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊ ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့

(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော် စတဲ့ နာမ်စားတစ်ခုနဲ့

ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol သုံးပြီး Network ချိတ်တဲ့

computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့် ကိုယ့် computer ကို

ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။ အလွယ်ပြောရင်တော

့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင် မလုပ်နိုင်၊

 NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger