ကွန်ပျူတာနည်းပညာနယ်ပယ်မှာ I/O သို့မဟုတ် Input/Output အဖြစ်ကွန်ပျူတာကို သတင်းအချက်အလက်တွေရဲ့လုပ်ဆောင်ချက်အဆင့်ဆင့်ကိုတာဝန်ယူလုပ်ဆောင်တဲ့စက်ကိရိယာတွေတစ်ခုနဲ့ တစ်ခုဆက်သွယ်ဆောင်ရွက်ခြင်း၊ကွန်ပျူတာနဲ့လူနဲ့ဆက်သွယ်လုပ်ဆောင်ရွက်ခြင်းအစရှိတာတွေကို သတ်မှတ်ခေါ်ဆိုလေ့ရှိပါတယ်။ Input တွေဟာကွန်ပျူတာလက်ခံလိုက်တဲ့အချက်အလက်(သို့) Singnal တွေဖြစ်ပါတယ်။ ဒီဝေါဟာရကိုပဲသုံးစွဲပြီး I/O လုပ်မယ်လို့ပြောဆိုပြီး in-put (သို့မဟုတ်)၊ output operation တစ်ခုကို လုပ်ဆောင်လေ့ရှိပါတယ်။ ကွန်ပျူတာတွေနဲ့ဆက်သွယ်အသုံးပြုဖို့ system တစ်ခုနဲ့တစ်ခုချိတ်ဆက်အသုံးပြုဖို့ လူတစ်ဦးကသုံးစွဲတဲ့ပစ္စည်းတွေဖြစ်တဲ့ keybord, mouse စတဲ့ပစ္စည်းတွေဟာ input device တွေဖြစ်ပြီး၊ မော်နီတာနဲ့ပရင်တာတွေကတော့ ကွန်ပျူတာတစ်လုံးရဲ့ output device တွေဖြစ်ပါတယ်။ ဒီ device တွေအားလုံးကိုခြုံငုံပြီး I/O device တွေကိုခေါ်ဆို နိုင်ပါတယ်။ modem နဲ့ network card လိုကိရိယာတွေကတော့ input နဲ့ output နှစ်ခုစလုံးအတွက် အသုံးပြုနိုင်ပါတယ်။ device တစ်ခုကို input (သို့ မဟုတ်) output လုပ်ဆောင်ချက်တစ်ခုအတွက်အသုံးပြုတဲ့ device အဖြစ်သတ်မှတ်တာဟာရှုမြင်သူ အပေါ်မှာပဲမူတည်ပါတယ်။ အကြောင်းကတော့ အသုံးပြုသူလူသားက output အဖြစ်ထုတ်လုပ်လိုက်တဲ့ လက်လှုပ်ရှားမှုတွေကို input အဖြစ် mouse,keyboard စတဲ့ device တွေကိုအသုံးပြုပြီး ကွန်ပျူတာနားလည်တဲ့ signal တွေအဖြစ်ပြောင်းလဲပေးနိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီကိရိယာတွေကထွက်ပေါ်လာတဲ့ output တစ်ခုဟာ ကွန်ပျူတာအတွက် input ဖြစ်ပါတယ်။ အလားတူပဲ ကွန်ပျူတာက ထုတ်လုပ်ပေးလိုက်တဲ့ output တွေကိုလည်း input signal တွေအဖြစ်ပရင်တာနဲ့ monitor တွေ ကရယူနေတာပါပဲ။ ဒီပရင်တာနဲ့မော်နီတာတွေကပဲ အသုံးပြုသူလူ သားတွေနားလည်နိုင်တဲ့စာလုံး၊ စကားလုံး၊ ရုပ်ပုံတွေစတဲ့ကိုယ်စားပြုမှုတွေအဖြစ် signal တွေကို ပြောင်းလဲပေးနေတာပဲဖြစ်ပါတယ်။ လူသားဘက်ကကြည့်မယ်ဆိုရင်အဲဒီကိုယ်စားပြုပုံရုပ်၊ စာသားတွေကိုဖတ်ရှုတာဟာ input တွေကိုလက် ခံနေတာပါပဲ။ ကွန်ပျူတာတစ်လုံးရဲ့ဦးနှောက် ပိုင်းလို့လူသိများနဲ့ CPU နဲ့ main memory (CPU( ကစပြီး၊ instruction တစ်ခုစီနဲ့တိုက်ရိုက်ရေး သား၊ ဖတ်ရှုနိုင်တဲ့ memory ) တို့ ရဲ့ပူးပေါင်းလုပ်ဆောင်ချက်မှာမည် သည့်အချက်အလက်ကိုမဆိုပို့ဆောင် သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ အချက်အလက်လွှဲပြောင်းမှုတိုင်းကို I/O အဖြစ်သတ်မှတ်ပါတယ်။ ဥပ မာ disk drive တစ်ခုဆီကို အ ချက်အလက်တွေလွှဲပြောင်းတာကို I/O အဖြစ်သတ်မှတ်ကြပါတယ်။
No comments:
Post a Comment