Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 12, 2010

သတိထားပြီးအိပ်နော်

၁။ နာရီနဲ့မအိပ်နဲ့
                  နာရီကနေ ရေဒီယိုသတ္တိကြွဓာတ်တွေထုတ်လွှတ်နိုင်ပါတယ်။ လက်ပတ်နာရီသေးသေးလေးဆိုပေမယ့် အကြာကြီးပတ်ထားပြီးအိပ်ရင်  Sleep Sleepကိုယ့်ကျန်းမားရေးကိုထိခိုက်နိုင်ပါတယ်။

၂။ဘရာနဲ့ မအိပ်နဲ့
                    အမေရိကန်က သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်ကတော့ အမျိုးသမီးတွေ ၁၂ နာရီထက်ပိုပြီး ဘရာစီယာဝတ်ရင် ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘရာဝတ်ပြီး မအိပ်တာကောင်းပါတယ်။

၃။ဖုန်းနဲ့မအိပ်နဲ့
                   အိပ်ရာဘေး သို့မဟုတ် ကိုယ်နဲ့နီးရာမှာဖုန်းကို မထားပါနဲ့။ တချို့က လက်ကိုင်ဖုန်းကို နှိုးစက်နာရီအနေနဲ့ သုံးတတ်ကြတယ်။ တကယ်တော့ လက်ကိုင်ဖုန်းကို ကိုယ်နဲ့ ဝေးဝေးထားနိုင်သမျှ ထားသင့်တယ်။
               လက်ကိုင်ဖုန်းတို့၊တီဗွီတို့ စတဲ့လျှပ်စစ်ဓာတ်နဲ့သုံးရတဲ့ ပစ္စည်းတွေကို သုံးနေရင်သံလိုက်လှိုင်းတွေ လွှင့်ထုတ်နေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အဲဒီလှိုင်းတွေက လူတွေရဲ့ အာရုံကြောစနစ်ကိုဖျက်စီးတယ်၊ ထိခိုက်စေတယ်။ ဒါကြောင့် လက်ကိုင်ဖုန်း ကိုယ့်ဘေးထားအိပ်မယ်ဆိုရင်ပိတ်ထားတာပိုသင့်တော်ပါတယ်။

၎။မိတ်ကပ်နဲ့မအိပ်နဲ့
                  မိတ်ကပ်မဖျက်ဘဲ အိပ်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ ကြာလာရင် အရေပြားပြဿနာ တစ်ခုခုတက်ပါလိမ့်မယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့ ချွေးပေါက်တွေပိတ်ပြီး အရေပြားအတွက်လိုအပ်တဲ့ အောင်စီဂျင်ကို မရတော့ပါဘူး။ အရေပြားထဲက ထွက်ရမယ့် အဆီတို့ ချွေးတို့လည်းမထွက်နိုင်တော့ဘူး။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လည်း အချိန်ပိုယူတတ်ပါတယ်။
၅။သူနဲ့ မအိပ်နဲ့
                  အဲဒီတစ်ခုကတော့ မပြောတော့ပါဘူး။ မပြောလို့လဲမဖြစ်တော့ ပြောရအုံးမယ်။ သူများချစ်သူ၊ဇနီး၊ ခင်ပွန်း၊ အခြားသောသူများနဲ့ မအိပ်နဲ့။
Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger