Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 29, 2010

Windows 7 ရဲ့ OS

Windows 7မှာဘာတွေထူးခြားလာသလည်းဆိုတာကို
Hardware တောင်းဆိုချက်မှစပြီး သတိထားမိပါလိမ့်မယ်
Windows OS တစ်ခုထွက်လာတိုင်း Hardware အရည်အသွေးကိုတိုးပြီးတောင်းဆိုလေ့ရှိပါတယ်
Windows 7 ကတော့ 32bit ရော 64bit Edition မှာပါ processor speed 1GHz ပဲလိုပါတယ်။ Processor core ဘယ်နှစ်ခုပါရမယ်လို့တောင်းဆိုထားတာမရှိပါဘူး Ram လိုအပ်ချက်ဟာလည်း 32 bit အတွက် 1GB ဖြစ်ပြီး 64bit အတွက် 2GB ဖြစ်ပါတယ်။ Windows Vista မှာပါတဲ့ Aero interface ကိုသုံးမယ်ဆိုရင်တော့ Ram လိုအပ်ချက်ထက်တိုးနိုင်ပါတယ်။Aero interface သုံးမယ်ဆိုရင် Graphic Card Memory 12GB လိုပါတယ် Aero မသုံးရင် မလိုပါဘူး။ DirectX 10 ထွက်နေပင်မယ့် Windows 7 ကတော့ DirectX 9 ကို Support လုပ်နေတုန်းပါ Hard Disk Space လိုအပ်ချက်က 23bit Version အတွက် 16GB ၊ 64Bit Version အတွက် ကတော့ 20GB ဖြစ်ပါတယ်။
OS အရွယ်အစားသေးတဲ့အတွက် အကျိုးထူးတာကတော့ Boot time နဲ့ Installation Time ပါပဲ စက်စပြီး Power ဖွင့်ချိန်ကနေ OS သုံးနိုင်တဲ့အချိန်ထိ ကြာချိန် 25min ထက်နည်းမယ်လို့ဆိုထားပါတယ်။ Installtion time ကတော့ပိုပြီး မြန်လာပါတယ် ၊ ဟုတ်မဟုတ်တော့မစမ်းရသေးဘူး Hardware အဆင့်မြင့်ရင် 15min ထက်တောင်နည်းမယ်လို့ဆိုထားပါတယ်။

OS အရွယ်အစားသေးအောင် စီရင်လိုက်ရတဲ့ Windows 7 ဟာ Vista ထက်ပိုပြီး အဆင့်မြင့်လာတယ်ဆိုသော်လည်း Vista တဲ့ကတချို့သော အစိတ်အပိုင်းတွေကို Windows 7 မှာမတွေ့နိုင်ပါဘူး။ အချို့အစိတ်အပိုင်းတွေကအသွင်ပြောင်းသွားပါလိမ့်မယ် .....

အပြောင်းအလဲတွေကတော့ Start Menu, Windows Ultimate Extra, Inkball နဲ့ Windows Calender တွေကို Windows 7 မှာမတွေ့နိုင်တော့ပါဘူး လိုအပ်ရင်တော့ Windows Live Essentials ဆိုတဲ့ Seperate Package ထဲကနေ Download ဆွဲရူသုံးနိုင်ပါတယ်။


ဝင်းဒိုး 7 က ဆော့ဝဲလ်တော်တော်များများနဲ့ run လို့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ပြောရရင်
pagemaker 7.0 ကိုကောင်းကောင်း run နိုင်ပါတယ်။ cs2 တင်လို့မရပါဘူး။ cs 3 မှလက်ခံပါတယ်။
နက်ဝက်ကောင်းလာပါတယ်။ interface ကောင်းပါတယ်။ user အသစ်အနေနဲ့အကျွမ်းဝင်အောင် သုံးရက်လောက်အချိန်ယူရပါလိမ့်မယ်။တင်တင်ချင်းအသံမထွက်တဲ့ပြသနာကြုံရပါလိမ့်မယ်။ windows update လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။security ကောင်းလို့ usb virus scan ပဲကျွန်တော်ကွန်ပျူတာမှာတင်ထားပါတယ်။တစ်ခြားဘာvirus scan မှမတင်ထားပါ။ဗိုင်းရပ်ပါနိုင်တဲ့ဝက်ဘ်ဆိုက်တွေ၊ အလွယ်တကူ download လုပ်တာတွေမလုပ်ရင် ဘာဗိုင်းရပ်scanမှမလိုဘူးလို့nortonအမှုဆောင်အရာရှိချုပ်ကပြောထားပါတယ်။ဆော့ဝဲလ်အမြင့်တွေသုံးတတ်သူတွေအတွက်အဆင်ပြေပါတယ်။ ရေမြင့်တော့ကြာတင့်တဲ့သဘောပါပဲ.....။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger