Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jun 4, 2010

Notepad က စာကို Date and Time နဲ့ပြန်ကြည့်မယ်

ထိုင်နေရင်းနဲ့ ပျင်းနေတာနဲ့ ဒီပို့စ်လေးကိုတင်လိုက်တာပါ....သိပ်ပြီးတော့ လည်းမထူးခြားပါဘူး... သိထားသူတွေအတွက်ပေါ့နော်....Notepad မှာ ကိုသိမ်းချင်တဲ့ Data တစ်ချို့ကို အချိန် အတိအကျ နဲ့သိချင်သူတွေအတွက်အသုံးဝင်လိမ့်မယ်လို့ထင်မိပါတယ်.....ကိုယ်တိုင်မှတ်စရာမလိုဘူးနော်...သူ့အလိုအလျောက်ပေါ်လာပါလိမ့်မယ်.....
ပထမဦးဆုံး အနေနဲ့ Notepad ကိုဖွင့်လိုက်ပါ.... ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက် ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5 လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက် ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင် ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update လုပ်ပေးပါလိမ့်မယ်။


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger