Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jun 11, 2010

ကျွန်တော်သိတဲ့ Folder လော့ချနည်းလေးပါ

ကိုယ်ကွန်ပျူတာထဲမှာ ကိုယ်မပြချင်တဲ့ အချက်အလက်တွေကို သူများဖွင့်ကြည့်လို့ မရအောင်သိမ်းထားမယ်ဆိုရင်...ဒါမှမဟုတ်Delete လုပ်လို့ မရအောင်ထားမယ်ဆိုရင် ဒီနည်းလေးကိုသုံးကြည့်ပါ....ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်(ခုနောက်ပိုင်း တော်တော်များများဟာNTFS ဖြစ်ပါတယ်)။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က Tools ကို ၀င်ပါ။ အဲကမှ Folder optionကို သွားပါ view tab တွေ့ ပါမယ်Advanced settingမှာကြည့်ရင်..ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်ပါ။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Properties ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ကိုနိုပ်ရင် Do you wish to continue? လို့ မေးရင် yes ပေါ့၊ ပြီးရင်OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် security ကိုဝင် ပြီးရင် Advanced Tab ကို သွားပါ။ Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ကိုအမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်/ပြန်ဖွင့် လို.ရပါပြီ။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger