Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Jun 18, 2010

Vista မှာ partition တွေကို ပြုပြင် ထိန်းသိမ်းမယ်

Vista မှာရှိတဲ့ partition တွေကိုပြုပြင်ဖို့ဆိုတာကလည်း နဂိုကတည်းကအချက်လက်တွေရှိထားရင် အတော်သတိထားရမှာ ဖြစ်ပါတယ်။ အချက်လက်တွေကပိုပြီး
တော့အရေးကြီးခဲ့ရင် သတိကြီးကြီးထားပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ...။ ဒါကြောင့် disk အရွယ်စားပြုပြင်တော့မယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက အထဲ
data တွေကို တစ်နေနေရာမှာ back-up လုပ်ထားမှသာလျှင်စိတ်ချလက်ချ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ....

စမ်းသပ်ထားပြီးသားဆိုပေမယ့် လုံးဝပြည့်စုံတယ်လို့တော့အာမခံလို့မရပါဘူးခင်ဗျာ....

- Start menu ကိုသွားလိုက်ပါခင်ဗျာ ၊ Computer ဆိုတဲ့စာသားပေါ်မှာ right click ခေါက်ပေးလိုက်ပါခင်ဗျာ။ အဲဒီအခါမှာ dialog box ပေါ်လာမှာဖြစ်ပါတယ်။
- Manage ကို click ခေါက်ခဲ့မယ်ဆိုရင်တော့ Computer Management ကို တွေ့ရမှာဖြစ်ပါတယ်။
- အဲဒီထဲက Storage ကို click ခေါက်ပြီး Disk Management tool ကိုတွေ့တဲ့အခါမှာ Disk Management ကို click ခေါက်လိုက်ပါ။
- ပြင်ချင်တဲ့ partition ပေါ်မှာ right click ခေါက်လိုက်ပါ။ဒီလို right click ခေါက်လိုက်တဲ့အခါ menu အသစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
- ဒီ menu ပေါ်လာခဲ့လျှင် menu အထဲရှိ shrink volume ကို click ခေါက်လိုက်ပါ ၊ အဲဒီအခါ partition ကိုအရွယ်စားပြင်နိုင်တဲ့ window ပေါ်လာပါလိမ့်မယ်။
- ပြုပြင်ချင်တဲ့ အရွယ်စားကိုရိုက်ထည့်လိုက်ပါ ၊ အဲဒီအခါ Vista ကပြင်ထားတဲ့ပမာဏကို Vista ကတွက်ချက်ပေးပါလိမ့်မယ်။
- Shrink ကိုနှိပ်လိုက်ရင် အရွယ်စားကပြောင်းပြီးသားဖြစ်သွားပြီး ရိုက်ထည့်ပေးလိုက်တဲ့ပမာဏဟာမသန့်စင်ရသေးတဲ့ partition အသစ်ဖြစ်ပေါ်လာ
မှာဖြစ်ပါတယ်။


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger