Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Apr 29, 2011

Facebook မှ Chat history ကို ပြန်ကြည့်ချင်သူများအတွက်


ဒီပို့စ်လေးကိုတော့ ကျွန်တော် youthcapacity မှတဆင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်....... အဆင်ပြေမယ်ဟာလေးဖြစ်တာမို့ပြန်လည်ရှယ်လိုက်ခြင်းပါပဲ.......သိထားသူများရှိရင်လည်းသည်းခံပြီးတော့သာ ကျော်သွားတော့နော် မသိသေးသူများလည်းစမ်းသပ်ကြပေါ့ဗျာ.......Facebook Chatting History ကိုပြန်ကြည့်ခြင်းသူများ အောက်ကအတိုင်းလေး စမ်းကြည့်ကြပါအုံး....။


Facebook မှာ သူငယ်ချင်းတွေနဲ့ ပြောခဲ့တာတွေကို မှတ်ထားပေးမယ့် နည်းလမ်းလေးတစ်ခု စမ်းသပ်လို့ရလို့ Share လုပ်ပေးတာပါ။ ကဲကဲ စလိုက်ကြရအောင်။ပထမဆုံး Facebook acc: Login ဝင်ထားလိုက်ပါ။ ပြီးရင် https://addons.mozilla.org/en-US/firefox/addon/facebook-chat-history-manager/ ၎င်းလင့်ကို ကော်ပီကူးပြီး ဖွင့်လိုက်ပါ။ Add to firefox ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Pop up window တစ်ခုပေါ်လာပါမယ်။ Install ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Mozilla firefox restart လုပ်လိုက်ပါ။
ပြန်ပွင့်လာလျှင် Menu – Tools – Facebook Chat History – Create account – ကိုနှိပ်လိုက်ပါ။
 
 
နောက်ထပ် Pop up window တစ်ခုပေါ်လာပါမယ်။ ပေါ်လာလျှင် Close Login Window ဆိုတာကို နှိပ်လိုက်ပါ။ နောက်ထပ် Pop up window တစ်ခုသေးသေးပေါ်လာပါမယ်။ အဲ့ဒီအထဲမှာ Facebook ID ××××××××× နံပါတ်ပေါ်လာမယ်။ Username ပေးလိုက်ပါ။ Password ကိုတော့ လေးလုံးပဲ ပေးလို့ရပါမယ်။ ပြီးရင် Create ကိုနှိပ်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါပြီ။ ပြီးလျှင် Menu – Tools – Facebook Chat History – View Chat History ဆိုတာကို နှိပ်လိုက်ပါ။ Username & Password ကိုရိုက်ထည့်လိုက်ပါ။ ဒါပေမယ့် အရင်က ပြောခဲ့တာတွေတော့ မတွေ့ရပါဘူး။ ဒါဆိုရင် စမ်းသပ်လို့ရနိုင်ပါပြီ။
သူငယ်ချင်းများ၊ ချစ်သူ၊ ရည်းစားများ ပြောခဲ့တာတွေကို အားလုံး ပြန်လည် တမ်းတလို့ရနိုင်ပါပြီခင်ဗျာ…..။


အားလုံးပဲအဆင်ပြေကြပါစေဗျာ...............း)


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger