Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Apr 29, 2011

Facebook ထက်လူကြိုက်များ တဲ့ Netflix


ဒီသတင်းလေးကထွက်နေတာတော့ ကြာခဲ့ပါပြီ ဒီနေ့တော့ စက်ထဲကို ဟိုလှန်ဒီလှန်လုပ်ရင်း ပြန်တွေ့တာနဲ့ တင်ဖြစ်သွားတာပါ........နည်းပညာပိုင်းအတွက်ဗဟုသုတရမယ်ထင်ပြီးဒီပို့စ်လေးကိုတင်ပေးခြင်းဖြစ်ပါတယ်.......။ သိထားပြီးသူတွေလည်းရှိနေလောက်ပါပြီ ဘာဖြစ်လို့လည်းဆိုတော့ ဒီသတင်းက 2010 ထဲကထွက်နေတဲ့သတင်းတစ်ခုပါ.......။ သိတဲ့သူများလည်းထုံးစံအတိုင်းကျော်သွားပေးပေါ့နော့.........။


Netflix အင်တာနက် ရုပ်ရှင် ၀ဘ်ဆိုတ် နဲ့  DVD အခွေ အငှား လုပ်ငန်း က လည်း ၂၀၁၀ လူကြိုက်များတဲ့ ကဏ္ဍမှာ အကြော်ကြား ဆုံး အင်တာနက် ဖျော်ဖြေရေး E-commerce တစ်ခုဖြစ်တယ် လို့ ဆိုပါတယ် လစဉ်ကြေး 8 $ ပေးထားရင် ရုပ်ရှင် တွေ ကို အခမဲ့ အွန်လိုင်းမှာ  ကြည့် ရှုနိုင်ပြီး ကိုယ်လိုချင်တဲ့ အခွေ ကိုအွန်လိုင်းမှာမကြည့်ပဲ အိမ် ကိုငှားမယ်ဆိုရင် 10 $ ကျသင့်မှာ ဖြစ်ပါတယ်။မိမိမှာထား တဲ့ အခွေကို အိမ် ကို စာအိတ် နဲ့ ရောက်လာပြီး ကြည့်ရှုပြီးပြန်ပို့ ရင် အပိုပါလာ တဲ့ Netflixစာအိတ် တစ်လုံးမှာ DVD အခွေ ကို ပြန်ထည့် နီးရာ စာတိုက် ပုံးထဲ မှာပဲ ထည့် ပို့ လိုက် လို့ ရပါတယ်။သူတို့ ဆီ ကိုပထမအခွေပြန်ရောက်ရင် နောက်ကိုယ်လိုချင်တဲ့ (Queue) လုပ်ထားတဲ့ အခွေ ကို ပို့ ပေးမှာဖြစ်ပါတယ် လစဉ် ဆယ်ဒေါ်လာ ဆိုရင် တစ်ခါငှားရင် တစ်ခွေ ပဲ ရရှိမှာဖြစ်ပြီး 14.99 $ ကို နှစ်ခွေ၊19.99$ကို သုံးခွေ နဲ့  55.99 $ ကို ရှစ်ခွေ ငှားယူ နိုင်မှာ ဖြစ်ပါတယ်။ Netflix.com မှာ ဟောလိဝုဒ် နဲ့  နိုင်ငံတကာကရုပ်ရှင်ကားတွေတစ်သိန်းကျော်ရှိပြီး မိမိ နှစ် သက်တဲ့ကားတွေ ကိုကြည့်ရှု လို့ ရပါတယ်။ လစဉ်ကြေး ပိုများ လာတာ နဲ့ အမျှ ကြည့်ရှု လို့ ရတဲ့ ကားတွေ ကလည်းပိုများ လာမှာဖြစ်ပါတယ်။


နက်ဖလစ် ကို ၁၉၉၇ ခုနှစ် မှာ စတင်တည် ထောင်တာ ဖြစ်ပြီး ၂၀၀၉ ခုနှစ် ၁၉၂ သန်း ၀င်ငွေ ရှိခဲ့ပါတယ်။
မတ်ရမ်း ဒေါဖ့်  က နက်ဖလစ် ကို စတင် ထောင်စဉ် က သူ့ မိတ်ဆွေ တွေ က Blockbuster နဲ့  Hollywood
တို့ လို အခွေ အငှား ဆိုင်တွေ ရှိပြီး အမေရိကန် တစ်ဝှမ်း က စာကြည့်တိုက်တွေမှာ လည်း အခမဲ့ အခွေငှား
နိုင်တာ ကြောင့် မအောင် မြင် နိုင် ဘူး လို့ အကြံပေး ခဲ့ပေးမယ့် ရမ်းဒေါဖ့် ကို ဒီအကြံပေးချက် ကိုငြင်းဆိုခဲ့ပါ
တယ်။Forbes မဂ္ဂဇင်းကတော့ နောင်လာ မယ့် နှစ် တွေ မှာ Netflix က အဖွဲ့ ဝင်ကြေးပေးရပေမယ့် အလကားရတဲ့ Facebook ထက် ပိုလူကြိုက်များ လာမယ် လို့ ဆိုပါတယ်။ဇာတ်ကားတွေ မှာ သုံးသပ်ချက်
နဲ့ မှတ်ချက် တွေ လည်း ၀င်ရောက် ရေးသား လို့ ရပါတယ်။အမေရိကန် နိုင်ငံမှာ အလိုအလျှောက် အခွေ အငှား စက် (Video Rental Vending Machine) လုပ်ငန်း တစ်ခု ဖြစ်တဲ့ RED BOX ကိုလည်း စီးပွားရေး ကျဆင်း နေချိန်မှာ တောင် အအောင်မြင် ဆုံး ဖြစ်တယ် လို့ TIMEက သတ်မှတ်ထားပါတယ်။
RED BOX မှ DVD ရော Blu Ray ပါငှားရမ်းနိုင်ပြီး တစ်နေ့ ကို ငှားရမ်း ခ တစ်ဒေါ်လာ နဲ့  ပုံပြထားတဲ့
အခွေတွေ ထဲက မိမိ နှစ် သက်ရာ ကို ငှားရမ်း နိုင်ပါတယ်။ နောက် တစ်နေ့ ကျရင် အခွေ ကို အမေရိကန်
နိုင်ငံ တစ်ဝှမ်း မှာ ရှိတဲ့ စက်ပေါင်း နှစ်သောင်း ကျော်ထဲ က နှစ် သက်ရာ စက်မှာ SLORC လုပ်ပြီး ပြန်အပ်
နိုင်ပါတယ်။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger