Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

Apr 29, 2011

hotfile, rapidshare, megaupload, download.speedbit, 4shared နှင့်အခြားသော hosting ဆိုက်တွေက ဖိုင်တွေကို စောင့်စရာမလိုဘဲ download လုပ်ရအောင်


ဒီပို့စ်လေးကလည်း ပို့စ်အဟောင်းလေးထဲက တစ်ခုပါပဲ....... အရင်တစ်ခါ ကိုညီနေမင်း ဆိုဒ်ကိုရောက်ရင်းနဲ့ ဒီပို့စ်လေးကို ကြိုက်တာနဲ့ ယူလာခဲ့တာပါ.......အခုတော့ Download လုပ်ရတာအဆင်မပြေတာတွေ ရှိနေတယ်လို့ ထင်ရတာနဲ့ ဒီပို့စ်လေးကို ပြန်တင်ပေးခြင်းသာဖြစ်ပါတယ်.......Premium hosting တွေနဲ့ ဒေါင်းလော့မဆွဲ နိုင်တဲ့သူတွေ အတွက် ဒီပို့စ်လေးက အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်.......။ အားလုံးပဲအဆင်ပြေချောမွေ့စွာ Download  လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.......။ ကိုယ်ရဲ့  အီးမေးလ်လိပ်စာလေးတော့ မှန်အောင်ဖြည့်ပေးကြနော်...... တစ်ဆင့်ချင်းဆီကို သေချာလေးလုပ်ဆောင်ပေးသွားပါဗျာ.......။



  • http://upload9.fileflyer.com/filefetch ကိုသွားပါ
  • အဲ့မှာ အဆင့်သုံးဆင့်ရှိပါတယ် . Enter the URL of the file you would like to upload: ဆိုတဲ့အကွက်မှာတော့ မိမိ Download လုပ်မယ့် ဖိုင်ရဲ့ URL address ကိုထည့်ရပါမယ်။ Enter your email address to receive a notification when the file is uploaded: ဆိုတဲ့အကွက်မှာတော့ မိမိ email လိပ်စာပေါ့. နောက်ဆုံးတစ်ချက်ကတော့ I agree to Terms of Service ဆိုတဲ့နေရာလေးကို အမှန်ခြစ်လေးခြစ်ပေးပြီးတော့ Fetch ကို နှိပ်ပေးလိုက်ပါ .
  • မကြာခင်မှာ မိမိထည့်လိုက်တဲ့ email လိပ်စာထဲကို Download လုပ်ဖို့ link ၀င်လာပါ့မယ် . ၀င်လာမယ့်ပုံစံက
  • You can click on the following link to retrieve your file: http://www.fileflyer.com/view/gNChjBO
  • အဲ့လိုဝင်လာမှာပါ . အောက်က http://www.fileflyer.com/view/gNChjBO ဆိုတာ မိမိ Download လုပ်မယ့် Link ပါပဲဗျာ . အဲ့ဒီ့ Link လေးကိုနှိပ်ပြီး Download ကိုသာရွေးပေးလိုက်ပါ...။

Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger