Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 19, 2011

Computerသင်တန်းတက်ပြီးတာနဲ့ Hardwareသမားတစ်ယောက် ဖြစ်မလာပါ


ကွန်ပြူတာဖွင့်လိုက်လို့ တီတီတီ.................ဆိုတဲ့အသံလေးတွေ ကြားရခဲ့ရင် စိတ်တော့ပျက်သွားကြမှာပါ။
Hardwareနားလည်တဲ့သူက ဘာ error  လည်းဆိုတာ သိနိုင်ပေမယ့် နားမလည်တဲ့သူကတော့ တော်တော်ခေါင်းစားကြမှာပါ။ အဲဒီအသံလေးတွေထွက်လာခဲ့ရင် အဖြစ်များတာက Memory, Graphic Card တို့ပဲဖြစ်ပါတယ်။ ကွန်ပြူတာဖုံးကိုဖွင့် သူတို့အပေါ်ကို အားလေးနည်းနည်းစိုက်ပြီး ဖိပေးလိုက်။ ပြီးရင်ပြန်ဖွင့်ကြည့်။ ပြန်ကောင်းလာတတ်ပါတယ်။ ဒါမှကောင်းမလာခဲ့ရင်တော့ အဲဒါလေးတွေပြန်ဖြုတ် ပြီးရင် သူ့အပေါ်က Slot လေးတွေကိုတွေ့ရင် ခဲဖျက်လေးနဲ့သာ ပွတ်ပေတော့။ လက်နဲ့တော့ သွားမကိုင်မိစေနဲ့ပေါ့။ လူ့ကိုယ်မှာထွက်တဲ့ ဓာတ်နဲ့သူနဲ့က ရန်သူတွေဗျ။ ကိုင်ချင်သပဆိုရင် မကိုင်ခင် Casing ကိုဖြစ်ဖြစ် ၅စက္ကန့်လောက် ကိုင်ထားပြီးမှ ဟိုဟာတွေကိုကိုင်ပါ။ ကဲ ပွတ်ပြီးရင်တော့ ပြန်စိုက်ကြည့်လိုက်တော့။ ဒါမှ မ OK သေးရင်တော့ ကျိန်းသေပြီပေါ့ဗျာ။ ဆိုင်သွားပြီး အသစ်သာပြေးဝယ်ပေတော့။ ခဲဖျက်လေးက တော်တော်ထိရောက်တဲ့ ကုစားနည်းတခုဆိုတာ တခါတလေစမ်းပြီးကောင်းသွားခဲ့ရင် သိလာပါလိမ့်မယ်။ ကျွန်တော်တောင် ခဲဖျက်လေးတတုံး ဆောင်ထားတယ်ခင်ဗျ။
 



Hardware သမားတစ်ယောက်
ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ အရမ်းကိုကျယ်ပြန့်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာနဲ့ချီပြီးသုံးနေတဲ့ ကွန်ပြူတာဆိုတာကြီးပျက်ရင် သူ့ကိုအရင်ဆုံး သတိရကြမှာသေချာနေလို့ပါ။ ဒါကြောင့် ရရှိထားတဲ့ Hardwareသမားဆိုတဲ့ရာထူးကဘယ်လောက်အရေးကြီးသလဲဆိုတာ သဘောပေါက်လောက်ပါပြီ။ သင်တန်းတက်ပြီးတာနဲ့ Hardwareသမားတစ်ယောက် ဖြစ်မလာပါ၊ Photoshop Toolsများ အသုံးပြုတတ်ရုံဖြင့် Designerတယောက် ဖြစ်မလာပါ။ဒါကြောင့် Hardwareသမားတယောက်ဟာ ကွန်ပြူတာနဲ့ပတ်သက်ပြီး ဟိုးယခင်အန်းတိတ်မှသည် ယခုနောက်ဆုံးပေါ်အထိ အသေးစိတ်ကို တတ်သိနားလည်ထားရပါမယ်။ ကျွန်တော်ပြောဘူးသလိုပါပဲ သင်တန်းတက်ပြီးရုံနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။
အဓိက   ကို များများလုပ်စေချင်တယ်။ ဒါမှ တက်ထားတဲ့သင်တန်းက စာတွေနဲ့ကိုယ်လေ့လာထားတဲ့ တန်ဖိုးရှိတဲ့စာပေတွေအားလုံးပေါင်းပြီး လေ့လာထားနိုင်မှ တော်ရုံလောက်ကျမှာပါ။ softwareတွေကိုလည်း တတ်နိုင်သလောက်နားလည်ထားအောင်လုပ်ရပါမယ်။ ဥပမာအားဖြင့် OS များ (windows, linus, mac), Pagemakerဆိုရင် စာရိုက်၊ Designအတွက်ဆိုရင် Photoshop စသဖြင့်ပေါ့။ ဒါတွေနားလည်ထားရပါမယ်။ ကျွမ်းကျင်ဖို့မလိုပါဘူး။ နားလည်ထားဖို့ပါပဲ။ဒါကြောင့် အချိန်ရခိုက် အားလုံးကိုလေ့လာထားကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger