Pages

ကျွန်တော်က စာများများမရေးနိုင်တော့ ကျွန်တော်တင်တဲ့ဆော့ဝဲလ်တွေ အသုံးပြုလို့အဆင်မပြေတာ၊တစ်ခြားနည်းပညာ ပို့စ်တွေ အဆင်မပြေတာ ၊ဆော့ဝဲလ်လိုချင်တာ၊ ကွန်ပျူတာနဲ့ ပက်သက်လို့ တစ်ခုခုအဆင်မပြေတာကိုဆွေးနွေးမယ် ၊ အကူအညီတောင်းမယ်၊အကြံပေးမယ်ဆိုရင် cbox မှာရေးခဲ့ပေးပါလိုမေတ္တာရပ်ခံပါတယ်.....

May 19, 2011

FaceBook Design ပြောင်းလဲခြင်း


ဒီပို့စ်လေးကတင်ပေးမလို့ လုပ်နေတာကြာပါပြီ ဒီနေ့တော့ စာလုပ်ပြီးပျင်းနေတာနဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်.........း)




အခုဆိုရင် ကျွန်တော်တို့ တော်တော်များများ FaceBook နဲ့ အကျွမ်းတ၀င်ဖြစ်နေကြပါပြီ....ဒီအတွက် FaceBook မှာ အသုံးပြုထားတဲ့ Original Theme စတိုင်တွေကို ပြောင်းလဲ အသုံးပြုနိုင်ဖို့ အတွက် ဖော်ပြပါ့မယ်....Style လန်းလန်းလေးတွေကို အသုံးပြုရတာ နှစ်သက်တဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်....ပထမဆုံး FaceBook Theme တွေကို ပြောင်းလဲနိုင်ဖို့ အတွက် တစ်ဆင့်ခြင်း ဖော်ပြပေးသွားပါ့မယ်....

၁။ ပထမအဆင့်အနေနဲ့ Sylish Add-On ကို Browser မှာ Install လုပ်ဆောင်ဖို့ အတွက် ဒီနေရာ ကနေ သွားရောက် Install လုပ်လိုက်ပါ....

၂။ ဒုတိယ အဆင့်အနေနဲ့ FaceBook ကို ဒီနေရာ ကနေ Login ၀င်လိုက်ပါ....

၃။ Login ၀င်ပြီးတာနဲ့ မိမိ နှစ်သက်တဲ့ Theme တွေကို ပြောင်းလဲဖို့ အတွက် Facebook Themes Gallery ကို ဒီနေရာ ကနေ သွားလိုက်ပါ...

၎။ မိမိ နှစ်သက်ရာ Theme တွေကို ပြောင်းလဲနိုင်ဖို့ အတွက် Link တွေကိုပဲ ဖော်ပြပေးထားပါတယ်..Link တွေကို Click လုပ်ပြီး နမူနာ Theme တွေကို ညာဘက်မှာ ပုံလေးတွေနဲ့ ပြသထားပါတယ်...

၅။ မိမိ နှစ်သက်တဲ့ Theme တွေကို တွေ့ပြီဆိုတာနဲ့ Install လုပ်ဆောင်လိုက်ပါ....




၆။ ယခုဆိုရင် FaceBook Page တစ်ခုလုံးပြောင်းလဲသွားပြီ ဖြစ်ပါတယ်......



၇။ ထို Theme ကို အသုံးမပြုချင်တော့ဘူးဆိုရင်တော့ ပြန်လည်း Uninstall လုပ်ဆောင်ချင်တဲ့သူများအတွက် Firefox Menu Bar မှာရှိတဲ့ Tools\Add-Ons ကိုသွားလိုက်ပါ...




၈။ Add-Ons Pop-up Box ပေါ်လာပါလိမ့်မယ်...ထို Box မှ User Styles Tab အောက်မှာရှိတဲ့ မိမိ Install လုပ်ထားတဲ့ Theme ကို Uninstall လုပ်ဆောင်နိုင်ပါတယ်..




၉။ အထက်ပါ နည်းကတော့ လုံးဝကို Uninstall လုပ်ဆောင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်....ယခုနည်းလမ်းကတော့ ယာယီ Disable ပေးတဲ့နည်းပဲ ဖြစ်ပါတယ်....Firefox ညာဘက်အောက်ခြေအစွန်မှာရှိတဲ့ S ပုံစံ Icon Stylish ကို Right Click ထောက်ပြီး Turn all styles off ဆိုတာကိုပေးလိုက်ရင်လည်း ပုံမှန်းအတိုင်း ပြန်ဖြစ်သွားပါတယ်....ကြိုက်ယာနည်းလမ်းကို အသုံးပြုပြီး မူလ Theme ကိုပြောင်းလဲနိုင်ပါတယ်....



မိတ်ဆက်အနေနဲ့ ကျွန်တော့်ဆိုဒ်ကို လာလည်နေတဲ့သူများအတွက် အဆင်ပြေအောင် ပို့စ်တွေကို   FaceBook မှာပါ Update ဖြစ်အောင် လုပ်ဆောင်ထားပါတယ်...ထို့အတွက် ကျွန်တော့် ပို့စ်တွေကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ဖို့အတွက် ဒီနေရာလေး ကနေ ကျွန်တော့်ကို သူငယ်ချင်း အဖြစ် မိတ်ဆွေဖွဲ့နိုင်သလို လိုအပ်တာများရှိခဲ့လျှင်လည်း Comment ဖြင့် ဖြစ်စေ ၊ mail သို့ဖြစ်စေ ပြောကြားနိုင်ပါတယ်....ကျွန်တော့် ပို့စ်တွေကို အားပေးနေတဲ့ သူငယ်ချင်းများ အားလုံးကိုလည်း အမြဲတမ်း ကြိုဆိုနေပါတယ်..... 


Print

No comments:

နိုင်ငံတကာအချိန်များ

 
Powered by Blogger